နယူးဇီလန်‌ရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ်၏လေဘာပါတီ အနိုင်ရ

အောက်တိုဘာ ၁၇ ရက်က ကျင်းပတဲ့ နယူးဇီလန်အထွေထွေ ရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်ရဲ့ လေဘာပါတီက အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။  ဒါဟာ မဲဆန္ဒရှင်တွေက အသက် ၄၀ အရွယ် ဝန်ကြီးချုပ်  အာဒန်ရဲ့ ကိုဗစ်-၁၉ အပေါ် ပြတ်ပြတ်သားသား တုံ့ပြန်မှုကို ဆုပေးလိုက်တာပါ။  ဒီအောင်ပွဲဟာ အာဒန်ကို ဆယ်စုနှစ်များစွာအတွင်း  ပထမဆုံး တစ်ပါတီအစိုးရအဖွဲ့ ဖွဲ့စည်းခွင့်ပြုလုပ်တာပါ။  အစိုးရ ပထမသက်တမ်းအတွင်း  အာဒန်ဟာ နေရှင်နယ်လစ်ပါတီနဲ့ အာဏာခွဲဝေခဲ့ရပြီး  ကတိပြုခဲ့တဲ့  တိုးတက်ရေးပြုပြုင်ပြောင်းလဲမှုတွေကို မစွမ်းဆောင်နိုင်ခဲ့ပါဘူး။  အခုအခါမှာတော့ သူဟာ အဲဒီကတိကဝတ်တွေ ဆက်ဖြည့်ဆည်းရမယ့် စိန်ခေါ်မှု ရှိနေပါတယ်။  အချိုးကျ ကိုယ်စားပြုအမတ်နေရာ ရွေးချယ်စနစ်ကို ကျင့်သုံးတဲ့ ၁၉၉၆ ခုနှစ် နောက်ပိုင်း လေဘာပါတီဟာ နိုင်ငံရဲ့တခုတည်းသော လွှတ်တော်မှာ အမတ်နေရာ  ၁၂၀ ရှိတဲ့အနက် ၆၄ နေရာ ရဖို့ ရှိနေပါတယ်။  တကယ်လို့များ လေဘာပါတီဟာ အမတ်နေရာ ထက်ဝက်ကျော် အနိုင်ရရင် လက်ရှိ စနစ်အရ အာဒန်ဟာ ပါတီတခုတည်းနဲ့ အစိုးရဖွဲ့နိုင်မယ်လို့ ရိုက်တာက သုံးသပ်တင်ပြထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up