အီးယူထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့သူ ဩစတြီးယားနိုင်ငံခြားရေးဝန်ကြီး ကိုဗစ်ကူးစက်ခံရ

အီးယူထိပ်သီးအစည်းအဝေး တက်ရောက်ပြီး ပြန်လာတဲ့ သြစတြီးယားနိုင်ငံခြားရေးဝန်ကြီးဟာ  ကိုဗစ်ကူးစက်ခံရပြီး အီးယူနိုင်ငံခြားရေးဝန်ကြီး အစည်းဝေးကနေ ကူးစက်ခံရတာ ဖြစ်နိုင်တယ်လို့  ပြောခွင့်ရအမျိုးသမီးက အောက်တိုဘာ ၁၇ ရက်မှာ ပြောပါတယ်။  သြစတြီးယားနိုင်ငံခြားရေးဝန်ကြီး ရှယ်လင်ဘာ့ဂ် ကိုဗစ်ကူးစက်ခံရတာကြောင့် အီးယူ နိုင်ငံခြားရေးကောင်စီအစည်ဝေးဟာ  ကိုဗစ်ဖြန့်တဲ့ ပွဲများလားဆိုပြီး သံသယတွေ ဖြစ်ပေါ်နေ ပါတယ်။  အလားတူ ဘယ်ဂျီယမ် နိုင်ငံခြားရေးဝန်ကြီး ဆိုဖီဝင်းမ်ကလည်း သူ့မှာ သံသယဖြစ်ဖွယ် လက္ခာဏာတွေ ဖြစ်နေပြီး သီးခြား ခွဲနေထိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။  နိုင်ငံခြားရေးဝန်ကြီး ရှယ်လင်ဘာ့ဂ်ဟာ အစိုးရအဖွဲ့အစည်းဝေးကို အောက်တိုဘာ ၁၄ ရက်က တက်ရောက်ခဲ့ပေမဲ့ အစိုးရအဖွဲ့ဝင်အတော်များများ နှာခေါင်းစည်း တပ်ထားတယ်လို့ လည်း ပြောခွင့်ရအမျိုးသမီးက ဆိုပါတယ်။  ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်းကလည်း  သြစတြီးယားဝန်ကြီးချုပ် စဘတ်ရှန်ကာ့ဇ်ရဲ့ အနီးကပ်လုပ်ဖော်ကိုင်ဖက်တဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့ပြီ  အစိုးရအဖွဲ့အတွင်း ထိတ်လန့်ခဲ့ရကြောင်း ပြောခွင့်ရအမျိုးသမီးက ပြောတယ်လို့ ရိုက်တာက ဆိုပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up