ဘော်လခဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝန်းရံသူများ လှည့်လည်အင်အားပြ
DVB
·
October 17, 2020
ကယားပြည်နယ် ဘော်လခဲမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံဝန်းရံသူတွေ စီတန်းလှည့်လည် အင်အားပြသခဲ့ကြပါတယ်။
ကားအစီးရေ ၂၀၀ ဝန်းကျင်နဲ့ ဆိုင်ကယ်အစီးရေ ၆၀ လောက်နဲ့ စီတန်းလှည့်လည်ခဲ့ကြတယ်လို့ သိရပါတယ်။
ထောက်ခံဝန်းရံသူတွေဟာ ဒီးမော့ဆို၊ ငွေတောင်ကျေးရွာကနေ စတင် စီတန်းလှည့်လည်ထွက်ခွာပြီး ဘော်လခဲ၊ ဖားဆောင်း၊ မော်ချီးနဲ့ ရွာသစ်ကျေးရွာတို့အထိ ဆက်လက်ချီတက်သွားကြတာ ဖြစ်ပါတယ်။
ဘော်လခဲမြို့နယ်ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်း အနိုင်ရရှိခဲ့တဲ့ဒေသ ဖြစ်ပါတယ်။
အခုလာမယ့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာလည်း သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းအနေနဲ့ ဒီဘော်လခဲမြို့နယ်မှာပဲ ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံသွားမှာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ-မြတ်သူရထွန်း