
Lead Story နိုင်ငံတကာ သတင်း အားကစား
အီဗရာဟီမိုဗစ်ကဲ့သို့ ကာဗာနီ ခြေစွမ်းပြနိုင်မည်ဟု ဒီယေဂိုဖော်လန်သုံးသပ်
Email This Story :
တိုက်စစ်မှူး ကာဗာနီအနေနဲ့ အီဗရာဟီမိုဗစ်လို ခြေစွမ်းပြသနိုင်လိမ့်မယ်လို့ မန်ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန်က ပြောပါတယ်။
အသက် ၃၃ နှစ်ရှိ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီဟာ ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်းကုန်ဆုံး ခဲ့ပြီးနောက် မန်ယူအသင်းကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
တနိုင်ငံတည်းသား တိုက်စစ်မှူးဟောင်းဖြစ်သူ ဒီယေဂိုဖော်လန်ကတော့ ကာဗာနီဟာ အီဗရာဟီမိုဗစ်လို ခြေစွမ်းပြသနိုင်လိမ့်မယ်လို့ ချီးကျူးခဲ့တာပါ။
ဆွီဒင်တိုက်စစ်မှူးဟောင်း အီဗရာဟီမိုဗစ်ဟာ ၂၀၁၆ ခုနှစ်က ပီအက်စ်ဂျီကနေ မန်ယူ အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး စုစုပေါင်း ၂၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
ကာဗာနီက ထိပ်တန်းတိုက်စစ်မှူးအဖြစ်ရှိနေဆဲဖြစ်ပြီး ယူနိုက်တက်အတွက် ထိပ်တန်း ခေါ်ယူမှုတခုဖြစ်သလို လူငယ်တွေအတွက်လည်း အတွေ့အကြုံတွေရရှိစေမယ့် ကစားသမား ဖြစ်တယ်လို့ ဒီယေဂိုဖော်လန်က သုံးသပ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်မှုလည်း ကောင်းမွန်နေသေးလို့ ပရီးမီးယားလိဂ်နဲ့ အံဝင်မယ့် ကစားသမားဖြစ်တယ်လို့လည်း ကာဗာနီကို ဒီယေဂိုဖော်လန်က ချီးကျူးခဲ့ပါတယ်။