ဖူးကူရှီးမားနျူစက်ရုံမှ ဓာတ်ရောင်ခြည်သင့်ရေ ပင်လယ်ထဲစွန့်ပစ်မည်

၂၀၁၁ ဆူနာမီတုန်းက ထိခိုက်ခဲ့တဲ့  ဖူကူရှီးမားနျူကလီးယားစက်ရုံက ဓာတ်ရောင်ခြည်သင့်ရေတွေကို ပင်လယ်ထဲ စွန့်ပစ်ဖို့ ဂျပန်အစိုးရက ဆုံးဖြတ်ထားတယ်လို့ ကျိုဒိုသတင်း အေဂျင်စီနဲ့ တခြားမီဒီယာ တခုက အောက်တိုဘာ ၁၆ ရက်မှာ ပြောပါတယ်။  ဆူနာမီလှိုင်းသင့်ပြီးနောက်ပိုင်း Tokyo Electric Power Company Holdings ဟာ နျူကလီးယားစက်ရုံက ညစ်ညမ်းရေ တန်ချိန် ၁ သန်းကျော်ကို  စုဆောင်းထားတာပါ။  ဒီကိစ္စနဲ့ပတ်သက်ပြီး  မဆုံးဖြတ်ရသေးပေမဲ့  အစိုးရဟာ အမြန်ချမှတ်သွားဖို့ ရည်ရွယ်ထား တယ်လို့ အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် ကတ်ဆူနိုဘူကာတိုက ပြောဆိုပါတယ်။ ဘယ်အချိန်အတိုင်းအတာအတွင်း စွန့်ပစ်မလဲဆိုတဲ့ အသေးစိတ်ကိုတော့ သူက မပြောခဲ့ပါဘူး။  ဖူကူရှီးမားစက်ရုံမှာ ညစ်ညမ်းရေတွေ စုပုံနေတာက ရှင်းလင်းရေးပိုင်းမှာ အတားအဆီးကြီး တခု ဖြစ်လို့နေပါတယ်။  လာမယ့်နှစ် နွေရာသီမှာ တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲကို ကျင်းပသွားဖို့ရှိပြီး ပွဲစဉ်တချို့ ကျင်းပမယ့် နေရာတွေဟာလည်း နျူကလီးယား စက်ရုံပျက်ကနေ ၃၅ မိုင်အတွင်း ရှိနေတယ်လို့ ရိုက်တာက ရှင်းပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up