နာဂေါ်နိုခါရာဘတ်ခ်ဒေသ ပဋိပက္ခ ၃၂ ဦးသေဆုံး၊ အဆောက်အအုံ ၆၀၀၀ ကျော် ပျက်စီး

နာဂေါ်နိုခါရာဘတ်ခ်ဒေသ ပဋိပက္ခအတွင်း အရပ်သား ၃၂ ယောက် သေဆုံးပြီး တစ်ရာကျော် ဒဏ်ရာရတယ်လို့ အာမေးနီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၅ ရက်မှာ ပြောပါတယ်။  ဒါ့အပြင် လူနေအဆောက်အအုံ၊ ယဉ်ကျေးမှု နဲ့ ဘာသာရေး အဆောက်အအုံ ၆,၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့လည်း  နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။  သေဆုံးသူ အရေအတွက် မြင့်တက်နိုင်ပြီး တိုက်ခိုက်မှု အသစ်တွေ လုပ်တယ်လို့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် အစိုးရတို့ အပြန်အလှန် စွပ်စွဲနေတာကြောင့်  အပစ်အခတ်ရပ်စဲရေး မျှော်လင့်ချက်တွေ  မှေးမှိန်ခဲ့ရပါတယ်။  ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်က ရုရှားကြားဝင်မှုနဲ့ လုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးက လည်း လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေအပေါ် သက်ရောက်မှုနည်းတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up