အဆိုတော် Post Malone က ဆု ၉ ဆုဖြင့် Billboard Music Awards ဆု အများဆုံးသိမ်းပိုက် (ရုပ်သံ)

အခုနှစ်ရဲ့ နာမည်ကျော် Billboard Music Awards ဆုချီးမြှင့်ပွဲမှာတော့ အမေရိကန်အဆိုတော် Post Malone က ဆု ၉ ဆုနဲ့ အများဆုံး သိမ်းပိုက်ရယူသွားနိုင်ခဲ့ပါတယ်။ ဆန်ကာတင်စာရင်းမှာ ဆု ၁၆ ဆုနဲ့ အများဆုံးစာရင်းဝင်ခဲ့တဲ့ Post Malone က Top Artist ၊ Top Male Artist ၊ Top Hot 100 Artist ဆုတွေ အပါအဝင် ဆုပေါင်း ၉ ဆုတိတိကို သိမ်းပိုက်ရယူသွားခဲ့တာဖြစ်ပြီး ဆယ်ကျော်သက်အဆိုတော် ကောင်မလေး Billie Eilish ကတော့ Top Female Artist၊ Top Billboard 200 Album နဲ့ Top New Artist ဆု ၃ ဆု ရရှိခဲ့ပါတယ်။ ပရိသတ်တွေ ရွေးချယ်တဲ့ Billboard Chart Achievement ဆုကိုတော့ One Direction အဖွဲ့ဝင်ဟောင်း Harry Styles က ရရှိသွားပြီး Top Social Artist ဆုကိုတော့ ကိုရီးယား ကေပေါ့ပ်အမျိုးသားတေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ BTS က ရရှိသွားခဲ့ပါတယ်။ ပေါ့ပ်အမျိုးသားတေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Jonas Brothers အဖွဲ့ကတော့ Top Radio Songs Artist၊ Top Duo/Group နဲ့ Top Radio Song Award ဆု ၃ ဆု ရရှိခဲ့ပါတယ်။ အမေရိကန်အမျိုးသမီးရက်ပ်အဆိုတော် Lizzo ကတော့ ဆန်ကာတင်စာရင်းမှာ ဆု ၁၁ ဆုစာရင်းဝင်ခဲ့ပေမယ့် Top Song Sales Artist ဆု ၁ ဆုသာ ရရှိခဲ့ပါတယ်။ ဆန်ကာတင်ဆု၁၂ ဆုစာရင်းဝင် အမေရိကန်အဆိုတော် Khalid ကတော့ Top R&B Artist၊ Top R&B Male Artist ဆုတွေအပါအဝင် ဆု ၅ ဆု ရရှိခဲ့ပြီး အခုနှစ်မှာမှ ဆန်ကာတင်ဆု ၁၃ ဆုနဲ့ ပထမဆုံး ဆန်ခါတင်စာရင်းဝင်ခဲ့သူ အဆိုတော် Lil Nas X က Top Hot 100 Song၊ Top Streaming Song နဲ့ Top Selling Song ဆုတွေ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ Top R&B Female Artist ဆုကိုတော့ အဆိုတော် Cardi B က ရရှိသွားခဲ့ပြီး အမျိုး သမီးအဆိုတော် P!NK ကတော့ Top Touring Artist ဆုကို ရရှိခဲ့ပါတယ်။ ဂီတနယ်ပယ်ရဲ့ ထင်ရှားကျော်ကြားတဲ့ နာမည်ကြီးဆုပေးပွဲတခုဖြစ်တဲ့ ဒီဆုချီးမြှင့်ပွဲ အခမ်းအနားကို လွန်ခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်ကတည်းက စတင်ပေးခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဆယ်စုနှစ် ၃ စုတိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခုနှစ် ၂၀၂၀ ပြည့်နှစ်အတွက် ဆုပေးပွဲအခမ်းအနားကိုတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ပုံမှန်ကျင်းပနေချိန်အတိုင်း ဧပြီလမှာ မကျင်းပနိုင်ဘဲ ရက်ရွှေ့ဆိုင်းခဲ့ရကာ ခုချိန်မှ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုတော် Kelly Clarkson က အစီအစဉ်တင်ဆက်သူအနေနဲ့ ပါဝင်ပြီး NBC ရုပ် သံလိုင်းကနေ ၃ နာရီကြာ ထုတ်လွှင့်ခဲ့တဲ့ အခုနှစ်ရဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားမှာတော့ ကိုဗစ်-၁၉ အန္တရာယ်ကြောင့် ပရိသတ်မပါပဲ ကျင်းပခဲ့ရတဲ့ ပွဲတပွဲအနေနဲ့ မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ပွဲထွက် အဆိုတော်တွေအနေနဲ့ Kelly Clarkson နဲ့အတူ တခြား နာမည်ကျော် အဆိုတော်တွေဖြစ်ကြတဲ့ Pentatonix and Sheila E၊ Sia၊ Kane Brown, Swae Lee, Khalid၊ Alicia Keys၊ Luke Combs၊ Post Malone and Tyla Yaweh၊ Brandy၊ John Legend၊ Bad Bunny, Ivy Queen and Nesi၊ Doja Cat၊ Garth Brooks၊ Saint Jhn၊ Demi Lovato၊ BTS၊ En Vogue တို့ကလည်း သီဆိုဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။ Post Malone က သူ့ရဲ့ နာမည်ကြီးသီချင်းတွေဖြစ်တဲ့ Circles၊ Tommy Lee သီ ချင်းတွေနဲ့ ဖျော်ဖြေခဲ့သလို Demi Lovato ကတော့ သမ္မတဒေါ်နယ်ထရမ့်ကို ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေပါဝင်တဲ့ “Commander In Chief” သီ ချင်းနဲ့ ဖျော်ဖြေခဲ့တာကို တွေ့ရပါတယ်။ အခုနှစ်ရဲ့ Billboard Music Awards ဆုရရှိသွားခဲ့ကြတဲ့ အနုပညာရှင်အဆိုတော်တွေနဲ့ ဆုတွေစာရင်းကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ Full list of winners Top artist: Post Malone Top new artist: Billie Eilish Chart achievement: Harry Styles Top male artist: Post Malone Top female artist: Billie Eilish Top duo/group: Jonas Brothers Top Billboard 200 artist: Post Malone Top Hot 100 artist: Post Malone Top streaming songs artist: Post Malone Top song sales artist: Lizzo Top radio songs artist: Jonas Brothers Top social artist: BTS Top touring artist: Pink Top R&B artist: Khalid Top R&B male artist: Khalid Top R&B female artist: Summer Walker Top R&B tour: Khalid Top rap artist: Post Malone Top rap male Artist: Post Malone Top rap female Artist: Cardi B Top rap tour: Post Malone Top country artist: Luke Combs Top country male artist: Luke Combs Top country female artist: Maren Morris Top country duo/group: Dan + Shay Top country tour: George Strait Top rock artist: Panic! At The Disco Top rock tour: Elton John Top Latin artist: Bad Bunny Top dance/electronic artist: The Chainsmokers Top Christian artist: Lauren Daigle Top gospel artist: Kanye West Top Billboard 200 album: Billie Eilish - When We All Fall Asleep, Where Do We Go? Top soundtrack: Frozen II Top R&B album: Khalid - Free Spirit Top pap album: Post Malone - Hollywood's Bleeding Top country album: Luke Combs - What You See Is What You Get Top rock album: Tool - Fear Inoculum Top Latin album: J Balvin & Bad Bunny - Oasis Top dance/electronic album: Marshmello - Fortnite Extended Set Top Christian album: Kanye West - Jesus is King Top gospel album: Kanye West - Jesus is King Top Hot 100 song: Lil Nas X ft Billy Ray Cyrus - Old Town Road Top streaming song: Lil Nas X ft Billy Ray Cyrus - Old Town Road Top selling song: Lil Nas X ft Billy Ray Cyrus - Old Town Road Top radio song: Jonas Brothers - Sucker Top collaboration: Shawn Mendes & Camila Cabello - Señorita Top R&B song: Khalid - Talk Top rap song: Lil Nas X ft Billy Ray Cyrus - Old Town Road Top country song: Dan + Shay with Justin Bieber - 10,000 Hours Top rock song: Panic! At The Disco - Hey Look Ma, I Made It Top Latin song: Daddy Yankee ft Snow - Con Calma Top dance/electronic song: Ellie Goulding x Diplo ft Swae Lee - Close To Me Top Christian song: For King & Country - God Only Knows Top gospel song: Kanye West - Follow God

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up