အိုဇေး အပယ်ခံဖြစ်နေကြောင်း အာစင်ဝင်းဂါး၏ပြောစကားကို အာတီတာ တုံ့ပြန်

ကွင်းလယ်ဖန်တီးရှင်အိုဇေးလ်ဟာ အာဆင်နယ်အသင်းမှာ အပယ်ခံဖြစ်နေတယ်ဆိုတဲ့ အာစင်ဝင်းဂါးရဲ့ ပြောစကားကို အာဆင်နယ်နည်းပြ အာတီတာက ပြန်လည်ချေပလိုက်ပါတယ်။   အိုဇေးဟာ အခုရာသီအတွင်းမှာ အာဆင်နယ်အသင်းအတွက် တစ်ပွဲမှ ပွဲထွက်ခွင့် မရရှိ သေးပါဘူး။  အာဆင်နယ်အသင်းရဲ့ တာဝန်ရှိသူတွေက ဒီရာသီမကုန်ခင် အိုဇေးကို အသင်းကနေ ဖယ်ရှား သွားဖို့ ဆွေးနွေးနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက လက်ရှိအသင်းမှာဖြစ်နေတဲ့ အိုဇေးရဲ့ အခြေအနေနဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်မိတယ်လို့ပြောဆိုထားပြီး အိုဇေးဟာ အာတီတာရဲ့အ သင်းအတွက် အသုံးဝင်နေဆဲပဲလို့ အခုလအစောပိုင်းမှာပြောပါတယ်။ “အိုဇေးလ်ဟာအသင်းမှာ အပယ်ခံဖြစ်နေတယ်လို့ ကျနော်ခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမတချက်က သူဟာ ကစားသမား တဦးအတွက် အကောင်းဆုံး အသက်အရွယ်မှာ ရှိနေပါတယ်။ သူ့လို စူပါစတား တယောက်၊ final third ဇုန်မှာ killer pass တွေ ဖန်တီးပေးနိုင်တဲ့ ကစာသမားတယောက်ကို အသုံးမပြုတာဟာ  အသင်းအတွက်လည်း နစ်နာမှုပါပဲ" လို့ အိုဇေးလ်နဲ့ပတ်သက်တဲ့ မေးမြန်းမှုမှာ ဝင်းဂါးက ပြောခဲ့ပါတယ်။ ဝင်းဂါးရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီး လက်ရှိ အာဆင်နယ်အသင်းနည်းပြ အာတီတာက “ကျနော့်အနေနဲ့ကတော့ အသင်းမှာရှိတဲ့ ကစားသမား အားလုံးကို သူတို့ရဲ့အရည်အချင်းနဲ့ သင့်တော်မယ့် နည်းလမ်းကို ရှာဖွေပေးဖို့လို့ ထင်ပါတယ်။ ဒါဟာ အလုပ်ဖြစ်ပြီး ကစားသမားအားလုံးနဲ့ပတ်သက်တဲ့ ကျနော်တို့ရဲ့ တာဝန်ယူမှုလည်းဖြစ်ပါတယ်” လို့ ပြောပါတယ်။  အိုဇေးဟာ မကြာခင်ယှဉ်ပြိုင်တော့မယ့် ယူရိုပါလိဂ်ပြိုင်ပွဲအတွက် အာဆင်နယ်အသင်းရဲ့ လူစာရင်းကနေလည်း ချန်လှပ်ခံခဲ့ရပြီး ၃၂ နှစ်သားကို ချန်လှပ်ဖို့ ခက်ခက်ခဲခဲ စဉ်းစားခဲ့ရတယ်လို့ အာတီတာက ဝန်ခံပါတယ်။ “ချန်လှပ်ခံရတဲ့လူက သူတယောက်တည်းတော့ မဟုတ်ပါဘူး။ ဒီလိုဆုံးဖြတ်ဖို့ကိုလည်း ခက်ခက်ခဲခဲစဉ်းစားခဲ့ရပါတယ်။ ကျနော်ဒီလို မလုပ်ချင်ခဲ့ပါဘူး။ ဒါပေမဲ့ အသင်းရဲ့ နိုင်ငံခြားသား ကစားသမား စာရင်းမှာ အကန့်အသတ်ရှိတာကြောင့် ကံမကောင်းစွာနဲ့ပဲ ဒီလိုလုပ်ခဲ့ရပါတယ်” လို့ အာတီတာက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up