နယူးဇီလန်ဝန်ကြီးချုပ်လောင်း ၂ ဦး ရွေးကောက်ပွဲအကြို စကားစစ်ထိုးပွဲ ပြုလုပ်

နယူးဇီလန်ဝန်ကြီးချုပ်လောင်း နှစ်ဦးတို့ရဲ့  ရွေးကောက်ပွဲအကြို နောက်ဆုံး စကားစစ်ထိုး ပွဲကို အောက်တိုဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးပြုလုပ်တဲ့ လူထုစစ်တမ်းမှာတော့ လက်ရှိ ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်ဟာ ဆက်ပြီး အသာစီးရနေပါတယ်။ အောက်တိုဘာ ၁၅ ရက်ကပြုလုပ်တဲ့ 1News-Colmar Brunton  လူထုစစ်တမ်းမှာ ဝန်ကြီးချုပ် အာဒန်အပေါ် ထောက်ခံနှုန်း ၁ ရာခိုင်နှုန်းကျပြီး ၄၆ ရာခိုင်နှုန်းဖြစ်ခဲ့ပေမယ့် သူဟာ ပြိုင်ဘက် အတိုက်အခံ National Party ခေါင်းဆောင်  ဂျူးဒစ်ကောလင်းထက်  ၁၅ မှတ် အသာနဲ့ ဦးဆောင်နေပါတယ်။  ဒါဟာ နိုင်ငံအတွင်း ကိုဗစ်-၁၉ စံချိန်တင် ထိန်းချုပ်နိုင်တာကို ဦးတည်မဲဆွယ်တဲ့ လေဘာ ပါတီက လွှတ်တော်မှာ ၅၉ နေရာ ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရ တရပ်ဖွဲ့ဖို့ ၆၁ နေရာသာ လိုပါတော့တယ်။  ဒါပေမဲ့ လေဘာပါတီရဲ့ မဟာမိတ်ပါတီ ဖြစ်ဖွယ်ရှိတဲ့ Green Party က ၂၀၁၇ နောက်ပိုင်း ထောက်ခံမှု ၈ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးအနေအထားပြန်ရောက်ပြီး အမတ် ၁၁ နေရာ ရရှိမှာပါ။  တကယ်လို့ ပါတီနှစ်ခု ပူးပေါင်းရင် ၁၉၉၉ ခုနှစ် နောက်ပိုင်း ပထမဆုံး လက်ဝဲယိမ်း အစိုးရ တရပ် ပေါ်ထွက်လာမှာပဲ ဖြစ်ပါတယ်။  နယူးဇီလန်ရွေးကောက်ပွဲကို အောက်တိုဘာ ၁၇ ရက်မှာ ကျင်းပမှာဖြစ်ပေမဲ့ လူဦးရေ ၁ ဒသမ ၄ သန်းဟာ ကြိုတင်မဲပေးပြီးသွားပြီလို့ ရိုက်တာသတင်းအရ သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up