မိုးကုတ်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃ ဦး ပထမဦးဆုံး တွေ့ရှိ
DVB
·
October 16, 2020
မန္တလေးတိုင်း မိုးကုတ်မြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃ ဦး ပထမဦးဆုံး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့က စံတော်ဝင်စင်တာမှာ ကွာရန်တင်းဝင်နေတဲ့ ရန်ကုန်ကပြန်လာသူ ၅ ဦးကို အောက်တိုဘာ ၁၅ ရက်နေ့က စစ်ဆေးရာမှာ ၃ ဦး ရောဂါပိုး တွေ့ရှိခဲ့တာလို့ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး ကော်မတီ တာဝန်ရှိသူ ဦးဇော်ဝင်းက ပြောပါတယ်။
သူတို့ ၅ ဦးဟာ အောက်တိုဘာ ၄ ရက်နေ့က ရန်ကုန်ကနေ မိုးကုတ်ကို ပြန်လည်ရောက်ရှိလာပြီးနောက် စံတော်ဝင်ကွာရန်တင်းစင်တာမှာ ထားရှိသူတွေ ဖြစ်ပါတယ်။
အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေကို အချိန်နဲ့တပြေးညီ ဆက်သွယ်ဆောင်ရွက်သွားမှာဖြစ်ပြီး ပိုးမတွေ့သူ ၂ ဦးကိုလည်း ဒုတိယအကြိမ် ထပ်မံစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
စံတော်ဝင်ကွာရန်တင်းစင်တာမှာ တာဝန်ကျနေတဲ့ စေတနာ့ဝန်ထမ်းတွေကိုလည်း sward ယူ စစ်ဆေးသွားမယ်လို့ သိရပါတယ်။
သတင်း -ဟန်နာထက်အောင်