ပြည်ကြီးတံခွန်မြို့နယ်ရှိ UAB ဘဏ်ခွဲ ဓားပြတိုက်ခံရ
DVB
·
October 15, 2020
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်း ၁၃၁ လမ်းထောင့်ရှိ UAB ဘဏ်ခွဲမှာ အောက်တိုဘာ ၁၅ ရက် ညနေ ၄ နာရီကျော်အချိန်က ဓားပြတိုက်ခံရပါတယ်။
ကျူးလွန်သူဟာ ဘဏ်ကိုကားနဲ့ လာရောက်ကာ သေနတ်ပြခြိမ်းခြောက်လုယက်တာဖြစ်ပြီး တစ်ယောက်တည်းဖြစ်တယ်လို့ ပတ်ဝန်းကျင် က ပြောဆိုကြပါတယ် ။ သတင်းအတိအကျကိုတော့ ရဲတပ်ဖွဲ့ က ထုတ်ပြန်တာမရှိသေးပါဘူး။
အဆိုပါ ဘဏ်ဓားပြတိုက်မှုမှာ ဘဏ်ကနေ ငွေကျပ် သိန်း ၂၀၀ လောက်ပါသွားပြီး ဓားပြတိုက်သူဟာ သူမောင်းလာတဲ့ကားကို ပြည်ကြီးတံခွန်မြို့နယ် (၆၉/A)လမ်း၊ မြဝတီမင်းကြီးလမ်းနဲ့ ကနောင်မင်းသားကြီးလမ်းကြားမှာ မီးရှို့ထားပစ်ခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ ကျူးလွန်သူတွေကို ဖမ်းဆီးရမိတာမရှိသေးဘူးလို့ ကနဦးသိရပြီး ရဲတပ်ဖွဲ့က ဘဏ်အနီးမှာ လုံခြုံရေးချထားကာ စစ်ဆေးနေပါတယ်။
သတင်း - နိုင်လင်းဦး