အမေရိကန်သမ္မတအဖြစ် ပြန်အရွေးမခံရပါက စီးပွားရေးကပ်ဆိုက်မည်ဟု ထရမ့် ပြော

နိုဝင်ဘာ ၃ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သူသာ ပြန်ရွေးကောက်တင်မြှောက် မခံရပါက အမေရိကန်နိုင်ငံဟာ မခန့်မှန်းနိုင်တဲ့ ပမာဏနဲ့ စီးပွားရေး ကပ်ဆိုက်လိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။  နယူးယောက် စီးပွားရေးကလပ် ECNY နဲ့ ရို့စ်ဂါးဒင်းက တခြားစီးပွားရေးကလပ်တွေကို ပြောတဲ့ မိန့်ခွန်းအတွင်း ထရမ့်က ခုလို ပြောလိုက်တာပါ။  “မဲဟာ ကျနော်ရဲ့ အမေရိကန် လိုလားတဲ့မူဝါဒတွေအောက်မှာ သမိုင်းဝင် ကြွယ်ဝမှုနဲ့ လက်ဝဲစွန်းတွေအောက်က စိတ်ဓာတ်ကျမှုတွေ အင်မတန်ဆင်းရဲမွဲတေမှုတွေကြားက ရွေးချယ်မှုပဲ။ ရှင်းရှင်းပြောရရင် ဒါဟာ ဆိုရှယ်လစ် အိပ်မက်ဆိုးကြီးနဲ့ အမေရိကန် အိပ်မက်တို့ ကြားက ရွေးချယ်မှုပဲ” လို့ ထရမ့်က အိမ်ဖြူတော်ကနေ ECNY ကို ပြောပါတယ်။  တရုတ်ကို ဝေဖန်ရင်း ထရမ့်က သူသာလျှင် တိုင်းပြည်ကို စိတ်ချလက်ချ ထိန်းသိမ်း နိုင်မယ်လို့ ပြောပါတယ်။  “ကျနော် ပြန်ပြီး ရွေးကောက် မခံရရင် ရက် ၂၀ ပဲ  တရုတ်ဟာ အမေရိကန်ကို ပိုင်သွားလိမ့် မယ်။ ကျနော် ခင်ဗျားတို့ကို ဒီလို ပြောနိုင်တယ်”လို့ ထရမ့်က ပြောပါတယ်။  တကယ်လို့ သူသာ ပြန်ရွေးကောက်ခံရရင် လာမယ့်နှစ်ကို အမေရိကန်သမိုင်းမှာ အကြီး မြတ်ဆုံး နှစ်တွေထဲက တနှစ်ဖြစ်အောင်  လုပ်မယ်လို့ ပြောရင်း သမ္မတ ထရမ့်က သူ့ မိန့်ခွန်းကို နိဂုံးချုပ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up