ထိုင်းဝန်ကြီးချုပ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အောက်တိုဘာ ၁၅ ရက်က တွေ့ဆုံပါတယ်။ ဝမ်ယိဟာ ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှခရီးစဉ်အတွင်း တရားဝင် လာရောက် လည်ပတ်တာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး ကာကွယ်ရေး လူချင်းခွာပြီး ကျင်းပခဲ့တဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး အသေးစိတ် ဘာမှ မထုတ်ပြန်ပါဘူး။  ဒီနေ့မနက် ၄ နာရီကမှ အသက်ဝင်တဲ့ အရေးပေါ် ဒီဂရီအမိန့်အပြီး နာရီပိုင်းအတွင်း ဆန္ဒပြသူတွေရဲ့ သပိတ်စခန်းတွေကို ရှင်းလင်းခဲ့တဲ့ အစိုးရအိမ်တော်မှာ အစည်းအဝေးကို ကျင်းပတာပါ။  စစ်အာဏာသိမ်း ခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်ကိုချာနဲ့ ဘုရင် မဟာ ဝဂျီရာလောင်ကွန်ကို ပစ်မှတ်ထားပြီး ဆန္ဒပြနေတာ ၃လကျော် ကြာအပြီး ဒီကနေ့မှာတော့ ဆန္ဒပြ ခေါင်းဆောင် ၃ ယောက်ထက်မနည်း အဖမ်းခံထားရပါတယ်။ အစိုးရကလည်း ဆန္ဒပြပွဲတွေနဲ့ အတိမ်းအစောင်း မခံတဲ့သတင်းတွေ ထုတ်လွှင့်မှုကို အရေးပေါ်အမိန့်နဲ့ တားမြစ်ပိတ်ပင်ထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up