ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှုကြောင့် ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
October 15, 2020
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၈၄/၁)နှင့်(၁၈၄/၂) ကြားမှာ ကုန်တင်ယာဉ်က တွဲကားကို ဝင်တိုက်တာကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီနေ့မနက်အစောပိုင်း ၂ နာရီခွဲလောက်မှာ အဖြူရောင်ကုန်တင်ယာဉ်က ရှေ့က မောင်းနေတဲ့ တွဲကားအား ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။
သာဂရအမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူ ကျား ၂ ဦးကို Highway Ambulance Rescue ယာဉ်နဲ့ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကို တင်ပို့ခဲ့ပြီး ဒဏ်ရာမစိုးရိမ်ရဘူးလို့ သိရပါတယ်။
သေဆုံးသူ (ကျား) ၁ ဦးကိုတော့ သာဂရမြို့မ ပရဟိတနာရေးကူညီမှုအသင်းက သူနာတင်ယာဉ်နဲ့ ဆွာမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။