ဗန်ပါစီ မန်ယူမှအာဆင်နယ်ကို ပြန်ပြောင်းရွှေ့ရန် ဆန္ဒရှိခဲ့ဟု အာစင်ဝင်းဂါးပြော

တိုက်စစ်မှူးဟောင်းဗန်ပါစီဟာ မန်ယူအသင်းကနေ အာဆင်နယ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိခဲ့တယ်လို့ နည်းပြအာစင်ဝင်းဂါးက ပြောပါတယ်။  ဗန်ပါစီဟာ အာဆင်နယ်အသင်းမှာ ၈ နှစ်ကြာကစားခဲ့ပြီး ၂၀၁၂ ခုနှစ်က မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။  ဗန်ပါစီဟာ မန်ယူနိုက်တက်နဲ့ ပထမဆုံး ဘောလုံးရာသီမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။  နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ထွက်ခွာသွားပြီးနောက် ဗန်ပါစီအနေနဲ့ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး တူရကီကလပ် ဖီနာဘာချီ အသင်းဆီပြောင်းရွှေ့ခဲ့ပါတယ်။  အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးကတော့ သူ့ရဲ့စာအုပ်သစ် My Life an Red and White  မှာတော့ ဗန်ပါစီအနေနဲ့ ၂၀၁၅ ခုနှစ်မှာ အာဆင်နယ်အသင်းဆီ ပြန်လာချင်ကြောင်း ဆက်သွယ်ပြောကြားခဲ့တယ်လို့ ရေးသားခဲ့တာပါ။  ဗန်ပါစီအနေနဲ့ ပြန်လာချင်ကြောင်းပြောခဲ့ပေမဲ့လည်း လူငယ်ကစားသမားတွေကို ပြုစုပျိုးထောင်နေချိန်ဖြစ်တာကြောင့် အနားယူဖို့ သိပ်မလိုတော့တဲ့ ဗန်ပါစီကို ပြန်မခေါ်ခဲ့တာလို့ အာစင်ဝင်းဂါးက သူ့ရဲ့စာအုပ်မှာရေးသားထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up