5G အင်တာနက်ဖြင့် ချိတ်ဆက်နိုင်မည့် iPhone 12 စတင်မိတ်ဆက်

Apple CEO Tim Cook poses with the all-new iPhone 12 Pro at Apple Park in Cupertino, California, U.S. in a photo released October 13, 2020. Brooks Kraft/Apple Inc./Handout via REUTERS
5G အင်တာနက်နဲ့ချိတ်ဆက်ပြီးသုံးနိုင်မယ့် iPhone 12 ကို အမေရိကန်ဒေါ်လာ ၇၉၉ ဒေါ်လာနဲ့ ရောင်းချဖို့ အက်ပဲလ်ကုမ္ပဏီက အောက်တိုဘာ ၁၃ ရက်မှာ မိတ်ဆက်လိုက်ပါတယ်။ အက်ပဲလ်ကုမ္ပဏီကတော့ iPhone 12 ဟာ အဆင့်မြှင့်တင်မှု အများအပြားနဲ့ဖြစ်လို့ ဒီနှစ်ကုန်အထိ ရောင်းအားဆက်တက်မယ်လို့ မျှော်လင့်ထားပါတယ်။ မျက်နှာပြင်အကျယ် ၆ ဒသမ ၁ လက်မရှိတဲ့  iPhone 12 ဟာ ယခင်  iPhone 5 နဲ့ ဆင်တူပြီး မကြာသေးခင်နှစ်တွေက အနားလုံးပုံစံ iPhone ဒီဇိုင်းကနေ ကွဲထွက်ခဲ့ပါတယ်။  ဒါ့အပြင် အက်ပဲလ်ဟာ မျက်နှာပြင်အကျယ် ၅ ဒသမ ၄ လက်မ ရှိတဲ့ ‘Mini’ အမျိုးအစားကို  အမေရိကန်ဒေါ်လာ ၆၉၉ ဒေါ်လာနဲ့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပြီး ကင်မရာ ၃ လုံးပါတဲ့ “Pro” အမျိုးအစားကိုလည်း အမေရိကန်ဒေါ်လာ ၉၉၉ ဒေါ်လာနဲ့ စတင်ရောင်းချသွားမှာပါ။ iPhone 12 နဲ့  iPhone 12 Pro ကနဦးအမှာစာတွေကို အောက်တိုဘာ ၁၆ ရက်မှာ စတင်ပြီး အောက်တိုဘာ ၂၃ ရက်မှာ  ရောင်းချသွားမှာပါ။ iPhone Mini ကိုတော့ နိုဝင်ဘာ ၆ ရက်မှာ စတင်မှာယူနိုင်ပြီး နိုဝင်ဘာ ၁၃ ရက်မှာ ရရှိနိုင်မယ်လို့ ရိုက်တာက တင်ပြထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up