
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ် တရုတ်နှင့် ရုရှား ရွေးချယ်ခံရ
Email This Story :
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့မှာ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ အောက်တိုဘာ ၁၃ ရက်က ရွေးကောက်တင်မြှောက်ခံရပေမယ့် ဆော်ဒီအာရေဗျနိုင်ငံကတော့ ရွေးချယ်မခံရပါဘူး။
တရုတ်အပေါ် ထောက်ခံမှုကလည်း ၂၀၁၆ မဲပေးပွဲနဲ့ နှိုင်းယှဉ်ရင် ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။
အဖွဲ့ဝင် ၄၇ နိုင်ငံ ပါဝင်တဲ့ ကောင်စီမှာ အိုင်ဗရီကို့စ်၊ ဂါဘွန်၊ မာလာဝီ၊ ကျူဘား၊ ဘိုလီးဗီးယား၊ ဥဘက်ကစ္စတန်၊ ပြင်သစ်နဲ့ ဗြိတိန်တို့လည်း ရွေးကောက်ခံရပါတယ်။
ဆီနီဂေါ၊ နီပေါ၊ ပါကစ္စတန်၊ ယူကရိန်းနဲ့ မက္ကဆီကိုတို့က ဒုတိယမြောက် ၃ နှစ် သက်တမ်းအတွက် ပြန်ရွေးကောက်ခံရပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေဟာ သက်တမ်း နှစ်ကြိမ်ထက် ပိုထမ်းဆောင်ခွင့် မရှိပါဘူး။
ကမ္ဘာ့နိုင်ငံတွေ အညီအမျှ ပါဝင်ခွင့်ရစေဖို့ အဖွဲ့ဝင်နိုင်ငံတွေကို ပထဝီဝင် ဒေသအနေအထားအလိုက် လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးချယ်တာလည်း ဖြစ်ပါတယ်။
အမေရိကန်ကတော့ လူ့အခွင့်အရေးကောင်စီမှာ အစ္စရေးကို ဆန့်ကျင်တဲ့ ကာလရှည် ဘက်လိုက်မှုတွေနဲ့ ပြုပြင်ပြောင်းလဲရေး မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၁၈ မှာ လူ့အခွင့်ရေးကောင်စီကနေ နုတ်ထွက်ခဲ့တယ်လို့လည်း ရိုက်တာသတင်းအရ သိရပါတယ်။