တောင်ဒဂုံရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲ ၁၉ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
October 14, 2020
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ မဲရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ အ.မ.က(၁) စာသင်ကျောင်းမှာ သင်တန်းတက်နေကြတဲ့ အထူးရဲတပ်ဖွဲ့ဝင် ၂၂၃ ဦးကို ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးရာမှာ ၁၉ ဦးမှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင်တင်ဆွေက ပြောပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့်ရွေးကောက်ပွဲအတွက် မဲရုံတွေမှာ လုံခြုံရေး တာဝန်ထမ်းဆောင်ကြမယ့် အထူးရဲတွေကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးပေးနေတာဖြစ်ပြီး ပထမအသုတ်မှာ ၁၀ ဦးတွေ့ရှိကာ ဒုတိယအသုတ်မှာ ၉ ဦး ထပ်တွေ့ရှိတာ ဖြစ်ပါတယ်။
ရောဂါ ကူးစက်ခံရတဲ့ အဆိုပါအထူးရဲတပ်ဖွဲ့ဝင် ၁၉ ဦးကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ အောင်မြင့်မိုရ် Quarantine Centre သို့ ညတွင်းချင်းပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။
သတင်း - အိသဇင်ခိုင်၊
ဓာတ်ပုံ - UNyiNyi