A d v e r t i s e m e n t With Us

တောင်တရုတ်ပင်လယ်အရေး ပူးပေါင်းဆောင်ရွက်ရန် အာဆီယံကို တရုတ် တိုက်တွန်း

တောင်တရုတ်ပင်လယ်အတွင်း ပြင်ပစွက်ဖက်မှုတွေကို ဖယ်ရှားဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ တရုတ်အစိုးရတို့ အတူပူးတွဲ လုပ်ဆောင်သင့်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အောက်တိုဘာ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။ တောင်တရုတ်ပင်လယ်နဲ့ပတ်သက်တဲ့ အငြင်းအခုံတွေဟာ ဒေသတွင်း ဆွေးနွေးပွဲတွေကနေ တဆင့် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းသင့်တယ်ဆိုတဲ့အချက်ကို သူနဲ့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးတို့ သဘောတူခဲ့တယ်လို့ အရှေ့တောင်အာရှခရီးစဉ်အတွင်း မလေးရှားကို ရောက်နေတဲ့အချိန်မှာ ဝမ်က အခုလို ပြောလိုက်တာပါ။ အင်ဒိုပစိဖိတ်ဒေသအတွင်း အမေရိကန်ကို ယုံကြည်ထိုက်တဲ့ မဟာမိတ်အဖြစ် လက်ခံစေရေး ရည်မှန်းထားတဲ့ အမေရိကန်အစိုးရရဲ့ အင်ဒိုပစိဖိတ်ဗျူဟာကို အရှေ့အာရှရဲ့ လုံခြုံရေး ဘေးအန္တရာယ်အဖြစ် ဝမ်က ရည်ညွှန်း ပြောဆိုပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း တခြားကမ်းရိုးတန်းနိုင်ငံတွေနဲ့ ပိုင်နက်အငြင်းပွားနေတဲ့ တရုတ်ဟာ လတ်တလောလတွေမှာ ဗျူဟာမြောက် ရေလမ်းကြောင်းတွေရဲ့ အငြင်းပွား အစိတ်အပိုင်းတွေမှာ စစ်ရေး လေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။ ဒါကြောင့် တရုတ်ဟာ ဒေသတွင်းမှာ ပင်လယ်ရေကြောင်းအင်ပါယာကို တည်ဆောက်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန် အစိုးရက စွပ်စွဲထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up