စီရော်နယ်ဒို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ 

FILE PHOTO: Soccer Football - UEFA Nations League - League A - Group 3 - France v Portugal - Stade De France, Paris, France - October 11, 2020 Portugal's Cristiano Ronaldo reacts REUTERS/Gonzalo Fuentes/File Photo
တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။ အသက် ၃၅ နှစ်ရှိ ရော်နယ်ဒိုအနေနဲ့ အောက်တိုဘာ ၁၄ ရက်မှာ ကစားမယ့် ဆွီဒင်နဲ့ပွဲကို လွဲချော်မှာဖြစ်ပြီး သီးသန့်နေထိုင်သွားရမှာ ဖြစ်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရပေမယ့်လည်း ရောဂါလက္ခဏာတွေမပြဘဲ ကောင်းမွန်နေတယ်လို့လည်း ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။  တခြားပေါ်တူဂီကစားသမားတွေမှာတော့ ပိုးတွေ့ရှိခြင်း မရှိခဲ့တာကြောင့် ဆွီဒင်နဲ့ပွဲကို ဆက်ပြီးကစားနိုင်မှာ ဖြစ်ပါတယ်။  ကမ္ဘာ့အကောင်းဆုံးဆု ၅ ကြိမ်ရ တိုက်စစ်မှူး စီရော်နယ်ဒိုဟာ အောက်တိုဘာ ၁၁ ရက်က ပြင်သစ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်နဲ့ စပိန်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ခြေစမ်းပွဲတွေမှာ ပါဝင်ကစားခဲ့ပါသေးတယ်။  ရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ ပွဲစဉ် ၂ ပွဲကိုပါ လွဲချော်မယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up