Live
Home
မြန်မာသတင်း
ပျဉ်းမနားရဲစခန်းက အချုပ်သား ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ 
နေဖြိုးဝင်း
·
October 13, 2020
နေပြည်တော်၊ ပျဉ်းမနားရဲစခန်းမှာ အချုပ်ကျနေတဲ့ အမျိုးသားတစ်ဦးမှာ  ကိုဗစ်-၁၉ ရောဂါ စစ်ဆေး တွေ့ရှိခဲ့တယ်လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ မြတ်၀ဏ္ဏစိုးက ပြောပါတယ်။  “ဟုတ်ပါတယ်။ ဖျားတယ်။ ဖျားတော့ပျဉ်းမနား ဆေးရုံပြတယ်။ စစ်လိုက်တော့ Positive တွေ့တယ်။ ဖြစ်တော့ ဆေးရုံတင်လိုက်တယ်။ အချုပ်ထဲမှာ ရှိတဲ့ အချုပ်သားတွေအားလုံးကို ကွာရန်တင်းထားလိုက်တယ် အစောင့်အရှောက်နဲ့” လို့ ပြောပါတယ်။ အဆိုပါ အချုပ်သားကို နေပြည်တော်အချုပ်ထောင်ကို ပို့မယ့် ရက်မှာ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ စစ်ဆေးတာမှာ အခုလို တွေ့ရှိတာဖြစ်တယ်လို့ ပျဉ်းမနားရဲစခန်းက တာ၀န်ရှိသူတစ်ဦးက ဆိုပါတယ်။ “လက်ရှိတော့ သူ့ကို ပုဗ္ဗသီရိ  ခုတင် ၂၀၀ ဆေးရုံမှာဆေးကုသမှုခံယူတာပေါ့။ သူက လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက အဖမ်းခံထားရတာဆိုတော့ ၊ မနက်ဖြန် နေပြည်တော်အချုပ်ထောင်ကို ပို့မှာပေါ့။ အဲ့ဒီအတွက် ကျန်းမာရေးဆေးစစ်တာ၊ အဲ့ဒါသွားပြီး စစ်တဲ့အချိန်မှာ ကိုဗစ် Positive တွေ့တယ်။” လို့ ပျဉ်းမနားရဲစခန်း တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ လုံခြုံရေးပါသွားတဲ့ အဖွဲ့အားလုံး  ၁၀ ယောက်လောက်လည်း ကွာရန်တင်း၀င်နေရပြီး  အချုပ်သားစုစုပေါင်း ၂၆  ယောက် ကွာရန်တင်း၀င်နေရတယ်လို့ လည်းပြောပါတယ်။  အောက်တိုဘာ ၁၃ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ ၈ မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း  ၂၂၅  ယောက်ရှိနေပြီဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024