Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင်  ရဲတပ်ဖွဲ့ဝင် ၃၇၃ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ 
ညီငယ်
·
October 13, 2020
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းအစ သြဂုတ် ၁၆ ရက်နေ့ကစလို့ ကူးစက်နှုန်း  လျင်မြန်လာပြီးနောက် လူထုလူတန်းစား အလွှာအသီးသီး အစိုးရဝန်ထမ်း တချို့ပါ မကျန် ကူးစက်ပျံ့နှံ့လာခဲ့ရာမှာ လတ်တလော ကာလတွေမှာလည်း နေ့စဉ်ကူးစက်ခံလူနာ ထောင်ဂဏန်း ရှိလာပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံလူနာတွေထဲမှာ ရဲတပ်ဖွဲ့ဝင်တွေလည်းပါဝင်ပြီး ဒီနေ့အထိ  ရောဂါကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်ပေါင်း  ၃၇၃ ယောက်ရှိသွားပြီလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ဒီဗွီဘီကို ပြောပါတယ်။ ရောဂါကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲမှာ  ရန်ကုန်က  ၂၆၄ ယောက်နဲ့  အများဆုံးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က  ၇၈ ယောက်၊ စစ်ကိုင်းတိုင်းက  ၁၂ ယောက်၊ ဧရာဝတီတိုင်းက ၃ ယောက်၊ မွန်ပြည်နယ်က ၃ ယောက်၊ ပဲခူးတိုင်းက ၁ ယောက်တို့ ဖြစ်ကြပြီး ကျန်တဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာတော့ ကူးစက်မှုမရှိဘူးလို့  မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ ရောဂါကူးစက်ခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲက လက်ရှိချိန်ထိ ရောဂါပျောက်ကင်းလို့ ဆေးရုံမှ ဆင်းခွင့်ရတဲ့ ရဲတပ်ဖွဲ့ဝင် ၁၆၆ ယောက်ရှိပြီး ၂၀၇ ယောက်ကတော့ ဆေးရုံမှာ တက်ရောက် ဆေးကုမှုခံယူနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါကူးစက်ခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်၊ မိသားစုဝင်၊  အရပ်သား စာရေးဝန်ထမ်း စုစုပေါင်း ၆၂၄၉ ယောက်ကို သက်ဆိုင်ရာ ကွာရန်တင်းစင်တာတွေမှာ စောင့်ကြည့်နေရာမှာ စောင့်ကြည့်ကာလပြီးဆုံးသူ ၂၂၆၄ ယောက်ရှိပြီး ၃၉၈၅ ယောက်ကို ဆက်လက်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024