Home
မြန်မာသတင်း
ရန်အောင်၊ ထက်ထက်မိုးဦးတို့နှင့် ပရိသတ်များပါ လှူဒါန်းနိုင်မည့် “လက်တွဲအတူကိုဗစ်အလှူ” ကျင်းပမည်
DVB
·
October 13, 2020
       ပရိသတ် အချစ်တော် သရုပ်ဆောင်မင်းသားမင်းသမီး ၂ လက်ဖြစ်ကြတဲ့ ရန်အောင် နဲ့ ထက်ထက်မိုးဦးတို့ ပါဝင်ကြမယ့် “လက်တွဲအတူ ကိုဗစ်အလှူ” အွန်လိုင်းလိုက်ဖ်တွေ့ ဆုံပွဲကို အခုည ၇.၃၀ နာရီမှာ ပြုလုပ်သွားဖို့ ရှိနေပါတယ်။        ဒီအစီအစဉ်ကတော့ Myanmar Media 7 က စီစဉ်ပြီး လက်ရှိဖြစ်ပွားနေတဲ့  ကပ်ရောဂါဘေးကြောင့် ခက်ခဲတဲ့ နေရာတွေကို လှူဒါန်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပရိသတ်အ ချစ်တော် အနုပညာရှင်တွေနဲ့ ပူးပေါင်းတင်ဆက်လိုက်တဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။ အကယ်ဒမီ သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ရန်အောင်၊ ထက်ထက် မိုးဦးတို့နဲ့ ပရိတ်သတ်တွေ ရင်းရင်းနှီးနှီး အွန်လိုင်းလိုက်ဖ်အနေနဲ့ တွေ့ဆုံကြမယ့် ဒီအစီ အစဉ်မှာတော့ ပရိသတ်တွေက ကိုယ်ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တွေနဲ့ တွေ့ဆုံ စကားပြောကြရင်း ပူးပေါင်းအလှူငွေပါဝင်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။ ရန်အောင်ဟာ မယ်သီတာလိုမိန်းကလေး၊ ပုဂံမှာသာတဲ့လ၊ အလင်းဖျော့ကောင်း ကင်၊ ညမင်းသား၊ မောဟမျဉ်းပြိုင်များ၊ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာရုပ်ရှင်ကားတွေနဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီ အမျိုးသားဇာတ်ဆောင်ဆု ၆ ဆုရရှိထားခဲ့သူဖြစ်ပြီး ထက်ထက် မိုးဦးကတော့ ပန်းသခင်၊ သမီးမိုက်ရုပ်ရှင်ကားတွေနဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီ အမျိုးသ မီးဇာတ်ဆောင်ဆု ၂ ဆုရရှိထားခဲ့သူ ဖြစ်ပါတယ်။ လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ အောက်တိုဘာလ ၁၂ ရက်နေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၂၉,၃၁၄ ယောက်၊ သေဆုံးသူ ၆၆၄ ယောက်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်က တကျော့ပြန်ကူးစက်မှုတွေ ရှိလာခဲ့အပြီးမှာတော့ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး သေဆုံးသူအရေအတွက်လည်း မြင့်တက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024