Homeမြန်မာသတင်း
ရှေးဟောင်းပစ္စည်းတူးဖော်နေသူများက ရဲတပ်ဖွဲ့ကို လောက်လေးခွဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်
ရှေးဟောင်းပစ္စည်းတူးဖော်နေသူများက ရဲတပ်ဖွဲ့ကို လောက်လေးခွဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်
DVB
·
October 12, 2020
မကွေးတိုင်း၊ မင်းဘူးစကုမြို့နယ်၊ မကျီးပင်ကျေးရွာမှာ အောက်တိုဘာ ၁၀ ရက် ညက ရှေးဟောင်းပစ္စည်း တရားမဝင်တူးဖော်သူတွေကို တားမြစ်ဖို့သွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ လောက်လေးခွတွေနဲ့ ပြန်လည်ပစ်ခတ်တာ ခံခဲ့ရတယ်လို့ မင်းဘူးခရိုင်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ရှေးဟောင်းပစ္စည်းတူးသူတွေရှိကြောင်း ယာခင်းပိုင်ရှင်တစ်ဦးက သတင်းလာပို့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် တွေသွားရောက်တားမြစ်ရာမှာ လူအင်အား ၃၀၀ လောက်က လေးခွတွေနဲ့ပစ်ခတ်လို့ ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးမင်းသန့်က ဒီဗွီဘီကို ပြောပါတယ်။
"အောက်တိုဘာလ ၁၁ ရက်နေ့မှာ တိုင်းအကူ ရဲတပ်ဖွဲ့က ရဲမှူးတစ်ဦး ဦးဆောင်ပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေကို လုံခြုံရေးတာဝန် ချထားတဲ့နောက်မှာတော့ လာရောက်တူးဖော်သူတွေ မရှိတော့ ဘူး" လို့ ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးမြင့်ဦး အပါအဝင် ၄ ဦးကို ယာခင်းအတွင်း ကျူးကျော်ဖျက်စီးမှု၊ တာဝန်ထမ်းဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို နာကျင်စေမှု၊ ဝတ္တရားနှောက်ယှက်မှုတွေနဲ့ အမှုဖွင့် အရေးယူထားပြီး နောက်ဆက်တွဲ တရားခံတွေကိုလည်း စုံစမ်းအဖော်ထုတ်သွားမယ်လို့ ခရိုင်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
သတင်း-မင်းထီး