A d v e r t i s e m e n t With Us

ပြင်သစ် အိုးပန်းတင်းနစ်ဗိုလ်လုပွဲတွင် နာဒယ်လ်က ဂျိုကိုဗစ်ကို သုံးပွဲပြတ်အနိုင်ရ

ပြင်သစ်နိုင်ငံ ပဲရစ်မှာ မနေ့က ယှဉ်ပြိုင်သွားတဲ့ ပြင်သစ်အိုးပန်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ရာဖေးနာဒယ်လ်က နိုဗက်ဂျိုကိုဗစ်ကို အနိုင်ရသွားပါတယ်။ စပိန်နိုင်ငံသား နာဒယ်လ်က အခုပြိုင်ပွဲမှာ သူ့ရဲ့ အကောင်းဆုံးလက်စွမ်းကို ပြသပြီး ကမ္ဘာ့နံပါတ်တစ်ဖြစ်တဲ့ ဂျိုကိုဗစ်ကို ၃ ပွဲပြတ်နဲ့ အနိုင်ယူသွားတာပါ။ ပြင်သစ်အိုးပန်း ချန်ပီယံဆုဟာ ရာဖေးနာဒယ်လ်အတွက် ၁၃ ကြိမ် ရယူနိုင်တဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် မြေစေးကွင်းဘုရင် နာဒယ်လ်အတွက်တော့ ပြင်သစ်အိုးပန်း ချန်ပီယံဆုဟာ အကြိမ် ၂၀ မြောက်ရတဲ့ ဂရန်းစလန်း ဆုဖလား ဖြစ်ပါတယ်။  ဒါကြောင့် နာဒယ်လ်ဟာ အမျိုးသား တဦးချင်းမှာ နာမည်ကြီး တင်းနစ်သမား ရော်ဂျာဖက်ဒရာ တင်ထားတဲ့ ဂရန်းစလန်းဆုဖလားအကြိမ် ၂၀ ရတဲ့ စံချိန်ကို အမီလိုက်နိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up