Home
မြန်မာသတင်း
ချင်းပြည်နယ် ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ချက်တွင် လူဦးရေ ၁ သောင်းခန့် လျော့ကျ
DVB
·
October 11, 2020
ချင်းပြည်နယ် ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ရာမှာ လူဦးရေ ၁ သောင်းလောက် လျော့ကျသွားတယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတဦးက ပြောပါတယ်။ ချင်းပြည်နယ်မှာ ပထမအကြိမ် မဲစာရင်းထုတ်ပြန်ချက်မှာ မဲပေးနိုင်တဲ့ လူဦးရေ ၃၄၂,၁၃၇ ယောက်ရှိပြီး ဒုတိယအကြိမ် ထုတ်ပြန်ချက်မှာတော့ ၃၃၁,၆၉၈ သာရှိတော့ပြီး ၁၀,၄၃၉ ဦး လျော့ကျသွားတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်က ပြောပါတယ်။  “ပထမအကြိမ် မဲစာရင်းမှာ ပုံစံ-၃ နဲ့ လျှောက်တော့ တိုးလာတဲ့သူတွေလည်း ရှိတယ်။ ပုံစံ-၄ နဲ့ ကန့်ကွက်တော့ လျော့သွားတဲ့သူတွေလည်း ရှိတယ်။ ပထမအကြိမ် မဲစာရင်းပြီးတော့ မြို့နယ်တိုင်းမှာ တအိမ်တက် တအိမ်ဆင်း door to door  စနစ်နဲ့ ပြန်လိုက်တယ်။ အဲဒီအခါမှာ ပြန်လည်စိစစ်ချက်အရ မဲစာရင်းထဲမှာ ထပ်ထည့်ရမယ့်သူတွေလည်း တွေ့တယ်။ အဲဒါတွေ စိစစ်ချက်အရ ပထမအကြိမ် မဲစာရင်းနဲ့ ဒုတိယအကြိမ် မဲစာရင်း ကွာဟချက်ဖြစ်တယ်။”  ဒါ့အပြင် မြို့နယ်အတွင်းမှာ စစ်ဘေးရှောင်သူတွေ မြို့နယ်ပြင်ပကို ရောက်သွားတာတွေကြောင့်လည်း ဒုတိယအကြိမ် မဲစာရင်းမှာ မဲဆန္ဒရှင်စာရင်း လျော့နည်းသွားရတာလို့ ဆိုပါတယ်။ ဒုတိယအကြိမ် မဲစာရင်းတွေကိုတော့ အောက်တိုဘာ ၁ ရက်နေ့က စတင်ပြီး ၁၄ ရက်ကြာ ကြေညာသွားမှာဖြစ်ပြီး မဲစာရင်းမကြည့်နိုင်တဲ့သူတွေအတွက် ဖုန်းဆက်ပြီး မဲစာရင်းကြည့်နိုင်ဖို့ သက်ဆိုင်ရာကော်မရှင်ရုံးတွေမှာ call center တွေ ဖွင့်ပေးထားတယ်လို့ သိရပါတယ်။ သတင်း - ပြည့်ဖြိုးကိုကို၊ ဓာတ်ပုံ - uec ချင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024