Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇ ဦး ထပ်တိုး
DVB
·
October 11, 2020
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်မှာ အောက်တိုဘာ ၁၀ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇ ဦး ထပ်တိုးတွေ့ရှိပါတယ်။ ပိုးတွေ့လူနာတွေဟာ ရန်ကုန်၊ မင်္ဂလာဒုံ မှန်ဘီလူးစက်ရုံက ပြန်လာသူတွေဖြစ်ပြီး အင်္ဂပူ အ.ထ.က မှာ Facility Quarantine ဝင်နေသူတွေ ဖြစ်ပါတယ်။ အင်္ဂပူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးအရာရှိ ဒေါက်တာမင်းကျော်ထွန်းအောင်က “ဟုတ်ပါတယ်။ မနေ့က အဖြေသိတာပါ။ ကျား ၁ ဦး၊ မ ၆ ဦး၊ စုစုပေါင်း ၇ ဦး ပိုးတွေ့တာပါ။ သူတို့ကို ရန်ကုန်ပြန်တွေမို့ သီးသန့်ကန့်သတ်ထားရင်း အခု ပိုးရှိအ​ဖြေတွေ့တာပါ။ ဒီနေ့ အောက်တိုဘာ ၁၁ ရက်နေ့မှာ ကျန်းမာရေးဝန်ထမ်းတွေကို စစ်ဆေးမှာပါ။ ပြီးတော့ ကျနော် အပါအဝင် Center မှာ တာဝန်ကျ ဆရာ၊ ဆရာမ ဝန်ထမ်းတွေက သီးသန့်နေထိုင်နေပါတယ်” လို့ DVB ကို ပြောပါတယ်။ အင်္ဂပူမြို့နယ် ညောင်ကျိုးဒေသ၊ ကွင်းကောက်ဒေသ၊ ထူးကြီးဒေသ၊ မဲဇလီကုန်းဒေသ၊ အင်္ဂပူဒေသ ဆိုပြီး ဒေသကြီး ၅ ခုမှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းတွေမှာ Facility Quarantine Center တွေဖွင့်ပြီး ပြည်ပပြန်နဲ့ ရောဂါဖြစ်ပွားရာ ပြည်တွင်းပြန် စတဲ့ ဒေသကပြန်လာသူတွေကို သီးသန့်ခွဲပြီး ၂၁ ရက် စောင့်ကြည့်ပေးနေပါတယ်။ အင်္ဂပူမြို့နယ်မှာ ပထမဆုံးပိုးတွေ့လူနာကတော့ ရန်ကုန်မြူးဇစ်ဇုံ ကာရာအိုကေက ဝန်ထမ်းတစ်ဦးဖြစ်ပြီး သူကတော့ ဆေးရုံဆင်းခွင့်ရရှိပြီ ဖြစ်ပါတယ်။ အခုလက်ရှိ အင်္ဂပူမြို့နယ်တွင်း ပိုးတွေ့လူနာတွေကို အင်္ဂပူဆေးရုံမှာ ဆေးကုသမှုပေးထားတယ်လို့ သိရပါတယ်။ ဒီနေ့ အောက်တိုဘာ ၁၁ ရက်နေ့ မနက် ၉ နာရီအထိ ပိုးတွေ့လူနာစုစုပေါင်း ၄၆၀ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၂၄၆ ဦးနဲ့ သေဆုံးသူကတော့ ဒီနေ့အထိ တစ်ဦးမှ မရှိဘူးလို့ တိုင်းကျန်းမာရေးက ထုတ်ပြန်ထားပါတယ်။ သတင်း - သန်းထိုက်မြင့်၊ ဓာတ်ပုံ - Dr Minn Kyaw Thu Aung (Facebook)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024