Home
မြန်မာသတင်း
ရှမ်းတောင်တွင် အထူးရဲ ၂ ဦး အပါအဝင် ကိုဗစ်လူနာသစ် ၄ ဦး ထပ်မံတွေ့ရှိ
DVB
·
October 10, 2020
ရှမ်းပြည်နယ်တောင်ပိုင်းမှာ အောက်တိုဘာ ၉ ရက်က အထူးရဲ ၂ ဦးအပါအဝင် ကိုဗစ်လူနာသစ် ၄ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနက ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၉ ရက်က ယာဉ်မောင်း/ ယာဉ်နောက်လိုက် ၂၇၇ ဦးနဲ့ ရွာငံ၊ ဟိုပုန်း၊ ကလောမြို့နယ်က ရွေးကောက်ပွဲ အထူးရဲ ၂၇၃ ဦးတို့ကို RDT အမြန်စစ်ဆေးကိရိယာနဲ့ စစ်ဆေးခဲ့ရာ ကလောမြို့က အထူးရဲ ၂ ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ အသက် ၂၅ နှစ်နဲ့ ၂၃ နှစ်အရွယ် အထူးရဲ ၂ ဦးဟာ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိဘဲ ပေါတုံကျေးရွာနဲ့ ဟဲဟိုးတို့ကို ခရီးသွားလာခဲ့သူတွေဖြစ်ပြီး ကလောဆေးရုံမှာ ဆေးကုသမှု ခံယူစေမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အလားတူ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက အောက်တိုဘာ ၉ ရက်မှာ ဓာတ်ခွဲနမူနာ ၂၁၄ ခုအား စစ်ဆေးရာမှာ လူနာသစ်၂ ဦး တွေ့ရှိခဲ့ပါတယ်။ အသက် ၁၆ နှစ်နဲ့  ၂၅ နှစ်အရွယ်အမျိုးသား လူနာသစ် ၂ ဦးဟာ ကိုဗစ်အတည်ပြုလူနာတွေ နဲ့ ထိတွေ့မှုမရှိဘဲ ရန်ကုန်ကပြန်လာပြီး အသွားအလာကန့်သတ်ထားရှိသူတွေဖြစ်ကာ ရွာငံနဲ့ ဆီဆိုင်မြို့နယ်တို့မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကို စဝ်စံထွန်း ဆေးရုံမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၃၉၀၆ ဦးနဲ့ သေဆုံးလူနာ ၅၆၆ ဦး ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနစာရင်းအရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024