ဖလမ်းမြို့အနီး အင်အား ၃ ဒသမ ၉ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
October 10, 2020
ချင်းပြည်နယ်၊ ဖလမ်းမြို့အနီးမှာ ဒီနေ့မနက်ပိုင်းက အင်အား ၃ ဒသမ ၉ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၀ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၇ နာရီ၊ ၀၉ မိနစ်၊ ၂၅ စက္ကန့် အချိန်က ဖလမ်းမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ၃၁ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၀၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၁၉ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။