Homeမြန်မာသတင်း
အမေရိကန်သမ္မတသုံးသည့် ရမ်ဒီဆီဗာဆေးကို ကိုဗစ်ရောဂါပြင်းထန်လူနာများအတွက် သုံးနေဟု အတိုင်ပင်ခံပြော
အမေရိကန်သမ္မတသုံးသည့် ရမ်ဒီဆီဗာဆေးကို ကိုဗစ်ရောဂါပြင်းထန်လူနာများအတွက် သုံးနေဟု အတိုင်ပင်ခံပြော
DVB
·
October 10, 2020
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လက်ရှိသုံးနေတဲ့ ရမ်ဒီဆီဗာ (remdesivir) ဆေးတွေကို ကိုဗစ်-၁၉ ရောဂါပြင်းထန်တဲ့သူတွေအတွက် သုံးစွဲနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အောက်တိုဘာ ၉ ရက် ည ၈ နာရီက နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ပြည်သူလူထုကို ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောသွားတာပါ။
အဲဒီဆေးတွေကို အိန္ဒိယနိုင်ငံက ဝယ်ထားသလို လှူဒါန်းလို့ ရရှိထားတာလည်း ရှိပြီး ဒီဆေးတွေနဲ့ ပြည်တွင်းက ရောဂါပြင်းထန်ခံစားနေရတဲ့ ကိုဗစ်-၁၉ လူနာတွေအတွက် အသုံးပြုနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသွားပါတယ်။
အားလုံးအတွက် သုံးနိုင်တဲ့ အခြေအနေမှာ မရှိသေးပေမယ့် ထပ်ဝယ်ယူပြီး သုံးသင့်သုံးထိုက်တဲ့ သူတွေကို သုံးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
နောက်ထပ်ကုသနည်းတခုတခုဖြစ်တဲ့ သွေးရည်ကြည်ကုထုံးနဲ့ ကုသရာမှာလည်း ရောဂါပျောက်ကင်းမှုတွေ ရှိနေတဲ့အတွက် ရောဂါပျောက်ကင်းပြီးသား လူတွေအနေနဲ့လည်း သွေးရည်ကြည် ပြန်လည်လှူဒါန်းကြဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။
မြန်မာနိုင်ငံမှာ စက်တင်ဘာ ၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၂၃,၉၀၆ ယောက်၊ သေဆုံးသူ ၅၆၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆၇၃၈ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။