ထိုင်းတောင်ပိုင်း အန်အယ်လ်ဒီထောက်ခံပွဲ တားမြစ်ပိတ်ပင်ခံရ
DVB
·
October 9, 2020
ထိုင်းနိုင်ငံတောင်ပိုင်း ကရပီခရိုင်ထဲမှာ ရွေ့ပြောင်းမြန်မာလုပ်သားတွေက အန်အယ်လ်ဒီပါတီ ကို ထောက်ခံပွဲ ပြုလုပ်မယ့်အစီအစဉ် တားမြစ်ပိတ်ပင်ခံရတယ်လို့ Thai Post သတင်းမှာ ဖော်ပြပါတယ်။
ကရပီခရိုင်ထဲမှာ လာရောက်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော်ဟာ အောက်တိုဘာ ၆ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အားပေးထောက်ခံကြောင်း နိုင်ငံရေးလှုပ်ရှားမှုတွေ ဆောင်ရွက်ဖို့ ရှိတာကို ထိုင်းထောက်လှမ်းရေးသတင်းတပ်ဖွဲ့နဲ့ အမျိုးသားလုံခြုံ ရေးတပ်ဖွဲ့က ကြိုတင်သတင်းရ ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ မြန်မာလုပ်သားတွေဟာ အနီရောင်တီရှပ်တွေ ဆင်တူဝတ်ဆင်ပြီး ကရပီမြို့ စည်ပင်သာယာရုံး အနားမှာလည်းကောင်း၊ အောဝ်နန်းကမ်းခြေမှာလည်းကောင်း၊ ချောင့်ဆမ်က ယောက်ကျောင်းတိုက်အနီးမှာလည်းကောင်း လာရောက်စုဝေးပြီး အန်အယ်လ်ဒီ ထောက်ခံပွဲတွေ လုပ်မယ်လို့ သတင်းရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူတွေက ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာ ကွယ်တားဆီးရေးအတွက် အရေးပေါ်ထုတ်ပြန်ထားတဲ့ အမိန့်တွေ ပြန်ရုပ်သိမ်းခြင်းမရှိသေးလို့ လူစုလူဝေးလုပ်တာကို ခွင့်မပြုကြောင်း သက်ဆိုင်ရာ မြန်မာအလုပ်သမား ခေါင်းဆောင်တွေကို သတိပေးခဲ့တယ်လို့ ဆိုပါတယ်။
ကရပီခရိုင် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေဟာ အောက်တိုဘာ ၆ ရက်နေ့မှာ အဆိုပါနေရာတွေကို ထပ်မံသွားရောက်စစ်ဆေးကြည့်ရှုခဲ့ရာမှာ အင်အားပြမယ့်မြန်မာလုပ်သားတွေ ကို မတွေ့ရတော့ဘူးလို့ သတင်းမှာဖော်ပါတယ်။
တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တရုတ်နိုင်ငံ ရွှေလီမြို့မှာလည်း အောက်တိုဘာ ၈ ရက်နေ့က ရာနဲ့ ချီတဲ့ မြန်မာနိုင်ငံသားတွေ ဆိုင်ကယ်တွေနဲ့ မြို့တွင်း လှည့်လည်ပြီး အန်အယ်လ်ဒီ ပါတီ ထောက်ခံအင်အားပြခဲ့လို့ တရုတ်ရဲတပ်ဖွဲ့က ယာယီထိန်းသိမ်းခဲ့ပြီး ညဘက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
ကိုးကား- Thai Post