A d v e r t i s e m e n t With Us

ထိုင်းတွင် ၁၇ နှစ်အရွယ် ကျောင်းသားက ၁၂ နှစ်သမီးကျောင်းသူကို အဓမ္မပြုကျင့်မှု ဖြစ်ပွား

ထိုင်းနိုင်ငံက စာသင်ကျောင်းတခုမှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသားတဦးက ၁၂ နှစ်အရွယ် ကျောင်းသူတဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သည် နေးရှင်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ဘန်ကောက်မြို့၊ နွန်ချော့ခ်ခရိုင်ထဲက စာသင်ကျောင်းတကျောင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၇ ရက်နေ့မှာတော့ အဆိုပါကျောင်းသားက ပြစ်မှုကျုးလွန်ခဲ့ကြောင်း ဝန်ခံခဲ့တာပါ။ အဆိုပါ Grade 11 ကျောင်းသားဟာ ဩဂုတ်လနှောင်းပိုင်းနဲ့ စက်တင်ဘာလအတွင်း မိန်းကလေးကို ၁၄ ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း ထွက်ဆိုထားတယ်လို့ ရဲတွေက ပြောပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကျောင်းသူမိန်းကလေးရဲ့ မိဘတွေက အခုလအစောပိုင်းက ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။ သမီးဖြစ်သူဟာ ကျောင်းကို မသွားချင်ဘဲ ဖြစ်နေတာကို သတိပြုမိခဲ့ချိန်မှာ မိခင် ဖြစ်သူက စစ်ဆေးမေးမြန်းရာကတဆင့် အကြောင်းစုံ သိရှိခဲ့ရတာလို့ ဆိုပါတယ်။ ပြစ်မှုကျူးလွန်တဲ့ ကျောင်းသားက မိန်းကလေးကို ဘယ်သူ့ကိုမှ မပြောဖို့ တား မြစ်ထားခဲ့တယ်လို့လည်း ရဲတွေက ပြောပါတယ်။ လတ်တလောမှာတော့ အဲဒီကျောင်းသားကို ၁၅ နှစ်အောက် အသက်မပြည့်သေးတဲ့ မိန်းကလေးကို လိင်ပိုင်းဆိုင်ရာ ကျုးလွန်မှု၊ အလိုမတူပဲ အဓမ္မပြုကျင့်မှုတွေနဲ့ စစ် ဆေးအရေးယူသွားမယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ ဥပဒေအရ ပထမပြစ်မှုအတွက် ထောင်ဒဏ် ၃ နှစ်ကနေ ၁၅ နှစ်အထိနဲ့ ငွေဒဏ်ဘတ် ၆ ထောင်ကနေ ဘတ် ၃ သောင်းအထိ၊ ဒုတိယပြစ်မှုအတွက် ထောင်ဒဏ် ၄ နှစ်ကနေ နှစ် ၂၀ အထိ ချမှတ်ခံရနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up