မင်းလှမြို့နယ်တွင် အတည်ပြုလူနာသစ် ၁၁ ဦး ထပ်မံတွေ့ရှိ
DVB
·
October 8, 2020
ပဲခူးတိုင်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်မှာ အောက်တိုဘာ ၇ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၀၀ ကို စစ်ဆေးချက်အရ အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၁ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ အားလုံးက ရန်ကုန်ပြန်တွေဖြစ်ပြီး သက်ဆိုင်ရာ Quarantine စင်တာတွေမှာ Quarantine ဝင်နေသူတွေဖြစ်ပါတယ်။
လူနာသစ် ၁၁ ဦးကို မင်းလှဆေးရုံမှာပဲ ဆေးကုသပေးသွားမယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာလှဝင်းက ပြောပါတယ်။
အောက်တိုဘာ ၇ ရက်နေ့ညအထိ မင်းလှမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၁ ဦးနဲ့ ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းသူ ၂ ဦး ရှိသွားပြီဖြစ်ပါတယ်။
သာယာဝတီခရိုင်အတွင်းမှာတော့ အောက်တိုဘာ ၇ ရက်နေ့အထိ Facility Quarantine ဝင်နေသူ ၁၈၉၀၊ သံသယလူနာ ၉ ဦးနဲ့ ရောဂါပိုးတွေ့ရှိသူ ၈၇ ဦးရှိတယ်လို့ တိုင်းအစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း - သက်နိုင်ဝင်း (CJ)