Home
မြန်မာသတင်း
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၁၂ ဦး တွေ့ရှိ
DVB
·
October 8, 2020
ရှမ်းပြည်နယ်၊ တောင်ပိုင်းမှာ အောက်တိုဘာ ၇ ရက်နေ့က ကိုဗစ်-၁၉ လူနာသစ် ၁၂ ဦး တွေ့ရှိတယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီးမြို့)က အောက်တိုဘာ ၇ ရက်နေ့က နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာ အခု ၂၈၀ အား စစ်ဆေးချက်အရ လူနာသစ် ၁၂ ဦးတွေ့ရှိခဲ့တာပါ။  ကိုဗစ်-၁၉ လူနာတွေနဲ့ ထိတွေ့ခဲ့သူ ၄ ဦးနဲ့ ရန်ကုန်က ပြန်လာသူတွေဖြစ်ပြီး Qurantine center တွေမှာ ထားရှိထားသူတွေလို့  ဆိုပါတယ်။ လူနာသစ်တွေထဲမှာ ကလောမြို့ ရေယားရွာ စစ်ဆေးရေးဂိတ်မှာ ပထမဆုံး Rapid Test Kit နဲ့ ပိုးတွေ့ခဲ့တဲ့ လူနာအမှတ် ၁၈၇၇၀ ယာဉ်မောင်း နဲ့ ထိတွေ့ခဲ့တဲ့ ယာဉ်နောက်လိုက် ၁ ဦး ပါတယ်လို့ သိရပါတယ်။ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာ ဇဝနကိုက  “ဒီစပါယ်ယာက အောက်တိုဘာ ၃ ရက်နေ့က test kit နဲ့ စစ်တော့ နက်ဂတစ်ထွက်ပါတယ်။ ဒါပေမယ့် ကျနော်တို့က စိတ်ချရအောင် ကွာရန်တင်းထားပြီး အောက်တိုဘာ ၇ နေ့က PCR စက်ကြီးနဲ့ စစ်တော့မှ ပေါ့စတစ်ထွက်သွားတာပါ။ အေးသာယာက ပိုးတွေ့ခဲ့တဲ့ အနံ့ ပျောက် လူနာရဲ့ ယာဉ်မောင်းနဲ့ သူတို့နဲ့ထိတွေ့ခဲ့တဲ့ လူတွေထဲက ပဲဖြစ်ပါတယ်။ ၁၂ ယောက်လုံး အမျိုးသားတွေချည်းပါပဲ။” ကလောမြို့နယ် စစ်ဆေးရေးဂိတ်မှာ RDT နဲ့ ၉၂ ဦးအား စစ်ဆေးရာတော့ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ မရှိဘူးလို့ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်တောင် တောင်ပိုင်းမှာ အောက်ဘာ ၆ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၈ ဦးနဲ့ သေဆုံးသူ ၁ ဦး ရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024