Live
Home
မြန်မာသတင်း
ပြင်ဦးလွင်တွင် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂ ဦး မြင်းလှည်းများဖြင့် မဲဆွယ်စည်းရုံး
DVB
·
October 7, 2020
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာ  တသီးပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲ  ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်သန္တာစိုးနဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း  ဦးလင်းထင်စိုးတို့  မဲဆွယ်စည်းရုံးနေပါတယ်။  တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂ ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက  ပြင်ဦးလွင်မြို့ အဝင်ပေါက်ကစပြီး စစ်တက္ကသိုလ်ရှေ့နဲ့ နာရီစင်လမ်း၊ ပြင်ဦးလွင်- လားရှိုးလမ်းကြီး တစ်လျှောက် ပွဲကောက်ရေတံခွန်အထိ မြင်းလှည်း၊ ထွန်စက်၊ ကား၊ ဆိုင်ကယ်တွေနဲ့ လှည့်လှယ် မဲဆွယ်စည်းရုံးဟောပြောတာတွေ ပြုလုပ်ခဲ့ပါတယ်။ တသီးပုဂ္ဂလအဖြစ် ဝင်ရောက်အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းနှစ်ဦးဟာ အထက်ဗမာပြည် တံခွန်တောင်သူလယ်သမားသမဂ္ဂ ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်း ဒေါ်သန္တာစိုးကဟာ ပြင်ဦးလွင်ခရိုင် အမှတ်(၄) မဲ‌ဆန္ဒနယ်ဖြစ်တဲ့ ပြင်ဦးလွင်မြို့နဲ့ မတ္တရာမြို့နယ်တို့မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒေါ်သန္တာစိုးဟာ အထက်ဗမာပြည်မှာ ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်မယ့်  တဦးတည်းသောတသီးပုဂ္ဂလ အမျိုးသမီး ကိုယ်စားလှယ်လောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်း ဦးလင်းထင်စိုးကတော့ ပြင်ဦးလွင်မြို့နယ် အနောက်ခြမ်းရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက်ကြီး ၃၊၄၊၅၊ ၁၅၊၁၆,၁၇ နဲ့ အနီးစခန်း၊ အောင်ချမ်းသာ၊ သုံးတောင်၊ ပြင်စာ စတဲ့ဧရိယာတွေပါတဲ့ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ ကနေ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာက ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ သတင်း - ရဲနိုင်ဆွေ

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024