Home
အနုပညာ
ရုပ်ရှင်ရာပြည့်ဖျော်ဖြေပွဲတွင် ချစ်ကောင်း၊ မေခလာ၊ အိုင်ရင်းဇင်မာမြင့်နှင့် အနုပညာရှင်များပါဝင်မည်
DVB
·
October 7, 2020
       မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ် သီတင်းပတ် ၁၀ ပတ်မြောက်ပွဲစဉ်မှာတော့ ဂျေမောင်မောင်၊ ချစ်ကောင်း၊ မေခလာ၊ အိုင်ရင်းဇင်မာမြင့်တို့နဲ့အတူ တခြားနာမည်ကြီး အဆိုတော်တွေ ပါဝင်ဖျော်ဖြေသွားဖို့ ရှိနေပါတယ်။ အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်တေး သီချင်း အပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေပြီး ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ ၈ နာရီ သတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ဩဂုတ် ၇ ရက်နေ့က စတင်ခဲ့တဲ့ ပွဲစဉ် ၁ မှာတော့ မောင်သိန်းဝင်း ၊ R ဇာနည်၊ နေမင်းအိမ်၊ ဟေမာနေဝင်း၊ စိုးပြည့်သဇင်၊ ချစ်စနိုးဦး၊ ခင်ပိုးပန်းချီ၊ မေ့ချစ်သက်နဲ့ မေလသံစဉ်တို့က ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၂ မှာတော့ ဂီတမှူးစန္ဒရား ကိုခင်လှ၊ စန္ဒရား တင်ကိုကိုတို့ရဲ့ မြန်မာမှုတေးဂီတအဖွဲ့နဲ့အတူ ထား၊ ချိုပြုံး၊ ရီရီသန့်၊ ခင်ညွန့်ရည်၊ တက္ကသိုလ်လဲ့လဲ့၊ နှင်းရည်သန့်၊ ခင်ပိုးပန်းချီတို့နဲ့ တခြားအဆိုတော်တွေက ဖျော်ဖြေတင်ဆက်ခဲ့ကြတာပါ။ ဩဂုတ်လ ၂၁ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၃ အနေနဲ့ အင်ပါယာတေးဂီတအဖွဲ့ နဲ့အတူ နာမည်ကျော် အဆိုတော်တွေဖြစ်ကြတဲ့ ဇော်ဝင်းထွဋ်၊ ရင်ဂို၊ ဝိုင်းစုခိုင်သိန်း တို့အပြင် တခြားအဆိုတော်တွေဖြစ်ကြတဲ့ စည်သူလွင်၊ အောင်လ၊ ဝေလ၊ မေသက်ထား ဆွေ၊ ဂျူဝယ်လ်၊ အေးမြဖြူတို့က တင်ဆက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၄ မှာတော့ မြန်မာသံ အဆိုတော်ကြီးတွေ ဖြစ်ကြတဲ့ ထား၊ ရီရီသန့်၊ တင်ဦးလေးတို့နဲ့အတူ ခင်စိုးဝင်း၊ စိမ်း လဲ့လဲ့၊ ဝိုင်းလမင်းအောင်၊ မေသက်ထားဆွေ စတဲ့ အဆိုတော်ပေါင်းများစွာက သီဆိုဖျော်ဖြေခဲ့ကြတာပါ။ စက်တင်ဘာလ ၄ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၅ မှာတော့ မေဆွိ၊ ချောစုခင်၊ နီနီ ခင်ဇော်တို့နဲ့အတူ တခြားအဆိုတော်တွေ ဖြစ်ကြတဲ့ ချမ်းမြေ့မောင်ချို၊ ဇော်ပိုင်၊ ဖိုးကာ၊ ဝေလ၊ အောင်ထက် တို့က အင်ပါယာတေးဂီတအဖွဲ့နဲ့အတူ ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၁ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၆ မှာတော့ ကြိုတင် ကြေညာ ထားခဲ့သူတွေထဲက ဟဲလေး၊ ဖြူဖြူကျော်သိန်းနဲ့ အိုင်ရင်းဇင်မာမြင့်တို့က မလာရောက် နိုင်ခဲ့တဲ့အတွက် ကျန်တဲ့အဆိုတော်တွေဖြစ်ကြတဲ့ တူးတူး၊ တိုနီသစ်လွင်၊ ဝေကြီး၊ ဂျူနီ ယာချစ်ကောင်း၊ ကေကေမိုး၊ နန်းဆုဦး၊ ရေချယ် စတဲ့ တေးသံရှင်တွေက Luck Hand တေးဂီတအဖွဲ့နဲ့အတူ ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့ည ဖျော်ဖြေပွဲအမှတ်စဉ် ၇ မှာတော့ အလင်းရောင်၊ ပိုင်တံခွန်၊ စိုးပြည့်သဇင်၊ အေးမြဖြူတို့နဲ့အတူ ဝါရင့်သရုပ်ဆောင် အနုပညာရှင်တွေေဖြစ် ကြတဲ့ ထွန်းထွန်းဝင်း၊ ရန်အောင်၊ စိုးသူ၊ မင်းဦး၊ ဆုပန်ထွာစတဲ့ အနုပညာရှင်တွေက Oasis တေးဂီတအဖွဲ့နဲ့ ပါဝင်ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ည ဖျော်ဖြေပွဲအမှတ်စဉ် ၈ မှာတော့ ကြိုတင် ကြေညာထားခဲ့သူတွေထဲက ဂျေမောင်မောင်က မလာရောက်နိုင်ခဲ့တဲ့အတွက် ကျန်တဲ့ အဆိုတော်တွေ ဖြစ်တဲ့ မြန်မာပြည်သိန်းတန်၊ ဟေမာနေဝင်း၊ တူးတူး၊ အက်စ်ကဲနက်၊ ယုဇန၊ ရတနာမိုင်၊ ချယ်ရီသင်းတို့က Aurora တေးဂီတအဖွဲ့နဲ့အတူ ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၉ မှာတော့ ဝါရင့် အဆိုတော်ကြီးတွေဖြစ်ကြတဲ့ တင်တင်မြ၊ တက္ကသိုလ်လဲ့လဲ့တို့နဲ့အတူ သန်းမြတ်စိုး၊ ကေတုဝင်းထွဋ်၊ ရွှေရည်သိန်းတန်၊ အိအိချွန်၊ ဖိုးသောကြာ၊ ရွှေယမင်းဦး၊ သဲနုဝါတို့နဲ့ တခြား မြန်မာသံ အဆိုတော်တွေက စန္ဒရားဇေယျာမင်း မြန်မာမှုတေးဂီတအဖွဲ့နဲ့ ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။        အခုလာမယ့် အောက်တိုဘာလ ၉ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၁၀ မှာတော့ ဂျေ မောင်မောင်၊ ချစ်ကောင်း၊ မေခလာ၊ အိုင်ရင်းဇင်မာမြင့်တို့နဲ့အတူ တခြားအနုပညာရှင် တွေ ဖြစ်ကြတဲ့ နေအောင်၊ ဖြိုးကြီး၊ ပိုပိုဟေသာ၊ M ဇော်ရိန်၊ ပိုးမီ၊ မိုးထက်မြင့်၊ မေ၊ ဝင်းပ ပသိန်းတန်တို့က ပါဝင်ဖျော်ဖြေပေးသွားကြမှာ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်ဟာ အာရှဒေသတွင်း သက်တမ်းအရှည်ကြာဆုံးသော ရုပ်ရှင်လောက တွေထဲက တခုဖြစ်ပြီး လာမယ့်အောက်တိုဘာလ ၁၃ ရက်နေ့မှာတော့ သက်တမ်းနှစ် ၁၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာ့ ပထမဦးဆုံးသော ရုပ်ရှင်ကားကတော့ ၁၉၂၀ ပြည့်နှစ်က ဦးထွန်းရှိန် (ဝိုင်အမ်ဘီအေ ခေါင်းဆောင်နဲ့ အမျိုးသားရေးရှေ့နေ)ရဲ့ နာရေးအခမ်းအနားကို သက်ဝင်ပေါ် လွင်အောင် ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် ဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာတော့ ရုပ်ရှင်ဟာ မြန်မာ့အမျိုးသားရေး နိုးကြားတက်ကြွလာစေဖို့ အဓိကအခန်းကဏ္ဍက ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားကတော့ လတ်တ လော ကမ္ဘာ့နိုင်ငံတွေအနှံ့ ဖြစ်ပွားနေဆဲ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျင်းပမယ့်ရက် ကို တိတိကျကျ မသိနိုင်သေးဘဲ ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024