အမေရိကန်ကုမ္ပဏီအုပ်စု မြန်မာ့စီးပွားရေး ကူညီမည်- မေးမြန်းချက်

ကမ္ဘာကျော် အမေရိကန်ကုမ္ပဏီကြီးတွေက မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် လုပ်ဆောင်နိုင်အောင် အကူအညီတွေ ပေးသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက် ကြပါတယ်။ ကိုကာကိုလာ အချိုရည်ကုမ္ပဏီ၊ ဖို့စ်၊ ဂျီအမ်နဲ့ အေ့စ်စတဲ့ မော်တော်ကုမ္ပဏီကြီးတွေက အဖွဲ့ဝင်ဖြစ်ကြတဲ့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီအဖွဲ့ရဲ့ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်အပြီး ရန်ကုန်မြို့မှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ခရီးစဉ်အတွင်းမှာ သမ္မတနဲ့ လွှတ်တော်အကြီးအကဲတွေနဲ့ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်-အာဆီယံစီးပွားရေးကောင်စီ(မြန်မာမစ်ရှင်အဖွဲ့)ရဲ့ အကြံပေးဦးချစ်ထွန်းဖေက ကောင်စီရဲ့ ဒီတခေါက်ခရီးစဉ်ဟာ အမေရိကန်-မြန်မာဆက်ဆံရေး အားကောင်းစေဖို့ အကြံဥာဏ်တွေ ရခဲ့တာကြောင့် အကျိုးရှိတယ်လို့ ပြောပါတယ်။ ဦးချစ်ထွန်းဖေနဲ့ ဆက်သွယ် မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up