A d v e r t i s e m e n t With Us

ပြင်သစ်အိုးပင်းပြိုင်ပွဲတွင် ဂျိုကိုဗစ် ကွာတားဖိုင်နယ်တက်ရောက်

အောက်တိုဘာ ၅ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ပြင်သစ်အိုးပင်းတစ်နစ်ပြိုင်ပွဲမှာ ဆီးဘီးယားက ဂျိုကိုဗစ်က ရုရှားက ကာရင်ခါချာနော့ဗ်ကို  ၆-၄ ၊ ၆-၃ ၊  ၆-၃ နဲ့  အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်သွားပါတယ်။ ဂျိူကိုဗစ်အတွက် ၁၄ ကြိမ်မြောက် ပြင်သစ်အိုးပင်းကွာတားဖိုင်နယ်တက်ခဲ့တာ ဖြစ်ပြီး ဂရင်းစလင်းပြိုင်ပွဲတွေမှာ ၄၇ ကြိမ်မြောက် ကွာတားဖိုင်နယ် တက်ခဲ့တာပါ။  အသက် ၃၃ နှစ်ရှိ ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့ ယူအက်စ်အိုးပင်းမှာ စည်းကြပ်ဒိုင်လူကြီးကို တင်းနစ်ဘောလုံးနဲ့ ထိမှန်စေခဲ့တာကြောင့် စတုတ္ထအဆင့်ကတည်းက ပြိုင်ပွဲကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။  ဂျိူကိုဗစ်အနေနဲ့ ကွာတားဖိုင်နယ်မှာ ဂျာမနီက အော်မိုင်ရာနဲ့ စပိန်က ပါဘလိုကာရန်နို တို့ ပွဲစဉ်က အနိုင်ရတဲ့သူနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ တခြားကွာတားဖိုင်နယ်ပွဲစဉ်တွေမှာတော့  ရာဖေးလ်နဒဲလ်က အီတလီက ဂျန်နစ်ဆင်နာ၊ ဒိုမင်နစ်သိမ်က အာဂျင်တီးနားက ရှဝက်ဇ်မန်၊ရုရှားက အန်ဒရေယက်ဘ်လက်နဲ့ ဂရိက စတီဖန်နော့စ်တို့ ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up