Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာ ၄၁ ဦး ထပ်မံသေဆုံး၊ လူနာသစ် ၁,၂၉၄ ဦးတွေ့ရှိ
DVB
·
October 4, 2020
ကိုဗစ်-၁၉ အတည်ပြုလူနာသစ်  ၁,၂၉၄  ယောက် တွေ့ရှိခဲ့ပြီး လူနာ ၄၁ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၃ ရက်နေ့ ည ၈ နာရီကနေ ၄ ရက်နေ့ ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈,၁၀၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၂၉၄ ယောက် တွေ့ရှိခဲ့တာပါ။ လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ အောက်တိုဘာ ၃ ရက်နေ့က တွေ့ရှိတဲ့ တိုင်းနဲ့ပြည်နယ် ၁၁ ခုက အတည်ပြုလူနာ စုစုပေါင်း ၉၇၅ ဦးထဲမှာ ရန်ကုန်တိုင်းက ၇၁၁ ဦး၊ ရခိုင်ပြည်နယ်က ၁၁၅ ဦး၊ မန္တလေးတိုင်းက ၅၇ ဦး၊ ပဲခူးတိုင်းက ၅၄ ဦးနဲ့ အများဆုံးတွေ့ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇၇၉၄ ဦး၊ သေဆုံးသူ ၄၁၂ ဦးနဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၁၉၅ ဦး ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၅ သန်းကျော်၊ သေဆုံးသူ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၆ သန်းကျော်ရှိပြီလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024