အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်တွင် ကိုဗစ်-၁၉ လူနာများ ထားရှိမည် (ဓာတ်ပုံ)
DVB
·
October 4, 2020
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာရှိတဲ့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကို Facility Quarantine စင်တာအဖြစ် ဖွင့်နိုင်ဖို့ အမြန်ဆောင်ရွက်နေပြီး ဒီနေ့ညနေပိုင်း လူနာတွေ စတင်ထားရှိတော့မယ်လို့ သိရပါတယ်။
မူလက အနံ့ပျောက်လူနာတွေပဲ ထားရှိဖို့ ရည်ရွယ်ထားပေမဲ့ အခုအခါမှာတော့ ကိုဗစ်-၁၉ လူနာတွေကို ထားရှိဖို့ အစီအစဉ်ပြန်ပြောင်းလိုက်တာလို့ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်၊ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။
“Aircon တပ်ဖို့ အခန်းတချို့ ကျန်သေးတာနဲ့ PPE ဝတ်စုံတွေ အနည်းငယ်လိုနေသေးတာပဲ ရှိတော့တယ်။ မနက်ဖြန် အပြီးသတ်ဆောင်ရွက်မှာဖြစ်ပြီး ညပိုင်းလောက်မှာ လူနာတွေ စထားလို့ ရမှာ ဖြစ်ပါတယ်။”
အဲဒီ Quarantine စင်တာမှာ လူအယောက် ၄၀၀ လောက် ထားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
သတင်း - အိသဇင်ခိုင်၊ PhotoCrd_UNyiNyi