ကိုဗစ်-၁၉ လူနာသစ် ၉၇၈ ဦးတွေ့ရှိ၊ လူနာ ၁၈ ဦး ထပ်မံသေဆုံး
DVB
·
October 3, 2020
ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၉၇၈ ဦး တွေ့ရှိခဲ့ပြီး လူနာ ၁၈ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂ ရက်နေ့ ည ၈ နာရီမှ ၃ ရက်နေ့ ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈,၁၉၅ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၉၇၈ ဦး တွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆၅၀၃ ဦး၊ သေဆုံးသူ ၃၇၁ ဦးနဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၄၇၉၅ ဦး ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။