ဆန်ချို အသင်းမပြောင်းဟု ဒေါ့မွန်ဒါရိုက်တာ ထပ်ပြော

ဆန်ချို အသင်းပြောင်းရွှေ့ဖို့ မရှိဘူးဆိုတာ ပြောထားပြီးသားဖြစ်ပြီး ပြောင်းလဲမှာမဟုတ် ကြောင်း ဒေါ့မွန်အားကစား ဒါရိုက်တာက ပြောပါတယ်။  မန်ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့မပိတ်ခင်မှာ ဂျေဒန်ဆန်ချိုအတွက် ပေါင် ၉၁ သန်းနဲ့ ကမ်းလှမ်းမှု တခုလုပ်ခဲ့ပြီး ဒေါ့မွန်ဘက်က ပယ်ချခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။ ဒေါ့မွန်အသင်းဘက်က ပေါင် ၁၀၈ သန်းအထိ အလိုရှိတာကြောင့် အဆင်မပြေဖြစ်ခဲ့ တယ်လို့ မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။  ဒေါ့မွန်အားကစားဒါရိုက်တာ မိုက်ကယ်ဇော့ကတော့ ဆန်ချိုအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး  အသင်းမှာဆက်ရှိမယ်လို့ အရင်ကပြောထားခဲ့တဲ့အတိုင်းပဲ ဆက်ရှိနေမှာဖြစ်ပြီး လက်ရှိအချိန်မှာ လည်း ပြောင်းလဲမှု ရှိလာမှာ မဟုတ်ကြောင်း ပြောပါတယ်။  ဆန်ချိုဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ စူပါဖလားပွဲစဉ်ကို လွဲချော်ခဲ့ပေမယ့် ဖျားနာမှုကြောင့်သာ လွဲချော်ခဲ့တာလို့ သိရပါတယ်။  ဒေါ့မွန်အသင်းသားတွေဖြစ်တဲ့ မာကိုရွိုက်နဲ့ ဟာလန်းတို့ဟာလည်း ဆန်ချို အသင်းမှာ ဆက်ရှိနေမယ့်အပေါ် ပျော်ရွှင်ကြောင်း ပြောပါတယ်။ 

More News
Up