A d v e r t i s e m e n t With Us

ယူရိုပါလိဂ်အကောင်းဆုံးကစားသမားဆု မီလန်တိုက်စစ်မှူး လူကာကူရရှိ

အင်တာမီလန်တိုက်စစ်မှူး လူကာကူဟာ မန်ယူက ဖာနန်ဒက်စ်နဲ့ ဆီဗီလာက ဘာနီဂါတို့ကို ကျော်ဖြတ်ပြီး ယူရိုပါလိဂ်အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။  မနှစ်က ယူရိုပါလိဂ်မှာ အင်တာမီလန်အသင်းက ဒုတိယရခဲ့ပြီး တိုက်စစ်မှူး လူကာကူက ၆ ပွဲမှာ ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။  လူကာကူအနေနဲ့ မဲပေးရွေးချယ်မှုမှာ ရမှတ် ၂၇၀ အထိရရှိခဲ့ပြီး  ၁၂၈ မှတ်ရခဲ့တဲ့ မန်ယူကွင်း လယ်လူ ဘရူနိုင်ဖာနန်ဒက်စ်၊ ၁၁၈ မှတ်ရရှိခဲ့တဲ့ ချန်ပီယံဆီဗီလာကွင်းလယ်လူ ဘာနီဂါတို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးကစားသမားဆု ရယူနိုင်ခဲ့တာပါ။  ချန်ပီယံဆီဗီလာအသင်းကို ဂုဏ်ပြုကြောင်း၊ အသင်းဖော်တွေနဲ့ မိသားစုဝင်တွေကို ကျေးဇူးတင်ရှိကြောင်း ဆုလက်ခံရယူအပြီးမှာ လူကာကူက ပြောခဲ့ပါတယ်။  အင်တာမီလန်အသင်းဟာ အခုနှစ်ချန်ပီယံလိဂ် အုပ်စုအဆင့်မှာတော့ မိုချန်ဂလာဘက်၊ ရီးရဲလ်မက်ဒရစ်၊ ရှက်တာဒိုးနက်အသင်းတွေနဲ့ အုပ်စု B မှာ တွေ့ဆုံခဲ့ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up