မြင်းခြံခရိုင်တွင် မသန်စွမ်းသူ ၂၆၀၀ ကျော်ဆန္ဒမဲ ပေးခွင့်ရမည်
DVB
·
October 2, 2020
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မြင်းခြံခရိုင်ထဲက မသန်စွမ်းသူ ၂၆၈၀ ကျော် ဆန္ဒမဲပေးခွင့်ရမှာဖြစ်တယ်လို့ မြင်းခြံခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။
မြင်းခြံခရိုင်ထဲက မြို့နယ်လေးခုဖြစ်တဲ့ မြင်းခြံ၊ တောင်သူ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့နယ်ထဲက မသန်စွမ်း စာရင်းဖြစ်ပြီး မဲပေးတဲ့နေရာမှာလည်း လုပ်ငန်းချောမွေ့စေဖို့ ကော်မရှင် အဖွဲ့ခွဲတွေက တခြားအဖွဲ့စည်းတွေနဲ့ ပူးပေါင်းပြီး ကူညီစောင့်ရှောက်သွားမယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်း ခရိုင် ၇ ခုလုံးမှာတော့ မသန်စွမ်းသူ ၉၁၀၀ ကျော်ရှိကာ မသန်စွမ်း အများဆုံးမဲဆန္ဒရှင်အများဆုံးနယ်မြေဟာ မြင်းခြံခရိုင်ဖြစ်ပါတယ်။
အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မြင်းခြံခရိုင်ထဲမှာ မဲရုံပေါင်း ၉၆၀ ရုံဖွင့်လှစ်မှဦ ဖြစ်ပြီး ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရသူ ၆၈၀,၀၀၀ ကျော်ရှိတယ်လို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က သိရပါတယ်။
သတင်း - ဇာဇာမောင်(CJ)