Homeသတင်းဓာတ်ပုံ
နိုင်ငံခြားသွားမည့်သူများ PPE ဝတ်စုံဖြင့် ရန်ကုန် NHL ရှေ့တွင်စောင့်ဆိုင်းနေ (ဓာတ်ပုံ)
နိုင်ငံခြားသွားမည့်သူများ PPE ဝတ်စုံဖြင့် ရန်ကုန် NHL ရှေ့တွင်စောင့်ဆိုင်းနေ (ဓာတ်ပုံ)
ညီငယ်
·
October 2, 2020
ပြည်ပနိုင်ငံတွေကို ခရီးသွားမယ့်သူတွေအနေနဲ့ ကိုဗစ်-၁၉ စစ်ဆေးဖို့ဆိုပြီး ဒီနေ့မနက်ပိုင်းက ရန်ကုန်တိုင်း ဒဂုံမြို့နယ်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနရှေ့မှာ PPE ဝတ်စုံတွေဝတ်ပြီး စောင့်ဆိုင်းနေကြတာကို တွေ့ရပါတယ်။
စောင့်ဆိုင်းနေသူတွေအထဲမှာ နိုင်ငံခြားမှာအလုပ်သွားလုပ်မယ့်မြန်မာတွေအပြင် နိုင်ငံခြားသားတွေလည်းပါဝင်ပြီး အများစုကတော့ တရုတ်လူမျိုးတွေ ဖြစ်ကြပါတယ်။
ပြည်ပနိုင်ငံတွေကို ခရီးသွားမယ့်သူတွေအနေနဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်) မှာ ပတ်စ်ပို့ မိတ္တူ ၊ လေယာဉ်လက်မှတ် မိတ္တူ ဒါမှမဟုတ် print ထုတ်ထားတဲ့ e-ticket နဲ့ မြန်မာကျပ် ၂ သိန်း လိုအပ်မှာ ဖြစ်ပါတယ်။
ပြည်နိုင်ငံတွေကို သွားမယ့် သူတွေအနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း ကယ်ဆယ်ရေးလေယာဉ်၊ အထူးလေယာဉ်တွေနဲ့ အတည်ပြုလိုက်ပါခွင့်ရရှိသူတွေကိုပဲ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ စစ်ဆေးပေးတာဖြစ်ပါတယ်။
ပြည်ပထွက်ခွာမယ့်သူတွေရဲ့ ဓာတ်ခွဲနမူနာတွေကို မနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲအတွင်း ယူပြီး ဓာတ်ခွဲအဖြေတွေကိုတော့ နောက်တစ်နေ့ ညနေ ၃ နာရီမှ ၄ နာရီအတွင်း ထုတ်ပေးမှာဖြစ်ကြောင်း အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက ထုတ်ပြန်ထားပါတယ်။
Photo Credit- ရွှေအင်းသားခင်မောင်ဝင်း