မိုးကုတ် မဲစာရင်းကြည့်သူများကို လူချင်းခွာကြည့်ရန် သတိပေးထား
DVB
·
October 2, 2020
မိုးကုတ်မြို့မှာ ဒုတိယအကြိမ်မဲစာရင်းကို သက်ဆိုင်ရာရပ်ကျေးရုံးတွေမှာ အောက်တိုဘာ ၁ ရက်u စတင်ကပ်ထားပြီး လာရောက်ကြည့်ရှုသူတွေကို ၃ ပေ၊ ၆ ပေခွာပြီး ကြည့်ဖို့ သတိပေးထားတယ်လို့ မိုးကုတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက ပြောပါတယ်။
မဲစာရင်းကြည့်ရှုတဲ့အခါမှာလည်း Mask တွေ တပ်ဆင်စေပြီး ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် ၂ ယောက် စုစုပေါင်း ၃ ယောက်ကို နေ့စဉ်တာဝန်ချပေးထားတယ်လို့လည်း မိုးကုတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူ ဒေါ်ယမင်းထွေးက ပြောပါတယ်။
သတ်မှတ်ထားတဲ့ ၁၄ ရက်အတွင်း မဲစာရင်း မကြည့်ဖြစ်ပါကလည်း အွန်လိုင်းကနေ ကြည့်လို့ရတယ်လို့ ဆိုပါတယ်။
မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မဲစာရင်းကြေညာမှုပေါ် စိတ်ဝင်စားမှုရှိကြပြီး မှားနေတာကို လာပြင်တာ၊ လာလျှောက်ကြတာ ရှိနေတယ်လို့လည်း ရှောလီဝိုင်းအုပ်စုက ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးညီညီက ပြောပါတယ်။
သတင်း- ဟန်နာထက်အောင်