ကိုဗစ်-၁၉ ရောဂါမပေါ့ဆစေရန် 3D ရုပ်ကြွရေးဆွဲ ပညာပေး
DVB
·
October 1, 2020
ကိုဗစ်-၁၉ ရောဂါကို မပေါ့ဆဖို့အတွက် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂လမ်းပေါ်ရှိ မနော်ရမ္မံဟစ်တိုင်ကွင်းမှာ စက်တင်ဘာ ၃၀ ရက်က မြို့ခံ 3D Street Art လူငယ်ဝါသနာရှင် ကိုရဲရင့်နိုင်က ကိုရိုနာဗိုင်းရပ်စ် 3D ရုပ်ကြွပုံ ရေးဆွဲပြီး အသိပညာပေးလုပ်ဆောင်ခဲ့ပါတယ်။
မန္တလေးတိုင်း မြို့နယ်တချို့မှာ Stay at Home ကာလ ကိုဗစ်-၁၉ ရောဂါ မပေါ့ဆဖို့ အပြင်သွားလာသူတွေအနေနဲ့ Mask တပ်ဖို့နဲ့ လက်ဆေးဖို့ အသိပညာပေးတဲ့အနေဖြင့် အခုလို 3D ရေးဆွဲတာဖြစ်ပါတယ်။
3D Street Art လူငယ်ဝါသနာရှင် ကိုရဲရင့်နိုင်က " မြို့နယ်တချို့မှာ Stay at Home ဖြစ်နေပေမယ့် လမ်းမပေါ်မှာ Mask မတပ်တဲ့ လူတွေ တွေ့နေရတုန်းပါ၊ မကြောက်ကြသေးဘူးပေါ့၊ ကိုဗစ်-၁၉ ရောဂါအကြောင်း ပိုသိစေချင်တယ်၊ မပေါ့ဆဖို့ သတိထားကြဖို့ ပညာပေးတဲ့အနေနဲ့ အခုလို ရေးဆွဲဖြစ်တာပါ " လို့ ပြောပါတယ်။
အဲဒီ အသိပညာပေး ရုပ်ကြွပုံကို စက်တင်ဘာ ၂၉ ရက်က ပုံကြမ်းရေးဆွဲပြီး စက်တင်ဘာ ၃၀ ရက်မှ အချောသတ် ရေးဆွဲခဲ့တာပါ။
ဒီ 3D ပုံက ကိုရိုနာဗိုင်းရပ်စ်ကို ကြောက်မက်ဖွယ်ကောင်းအောင် ဗိုင်းရပ်စ်ပုံစံကို အစိမ်းရောင် Monster ပုံစံ ရေးဆွဲထားတာဖြစ်ပါတယ်။
သတင်း- သော်တာ