ဆီးဂိမ်းတွင် ဆုတံဆိပ်အမြောက်အမြားရရန် မသန်စွမ်းအဖွဲ့ မျှော်မှန်း

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) မှာ ဆုတံဆိပ် အမြောက်အမြားရရှိဖို့ အားကစားသမား ၂၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ၆ လ ကျော် စခန်းသွင်း လေ့ကျင့်ပြီးပြီလို့ မသန်စွမ်း အားကစားအဖွဲ့ချုပ်က ပြောပါတယ်။ မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်မှ အတွင်းရေးမှူးဦးပီတာက “တံဆိပ်တွေ အရင်နှစ်တွေထက် ပိုများအောင်တော့ ရမှာပါ။ အရင် နိုင်ငံတကာပွဲတွေ သွားရင် လူ ၂၀-၃၀ လောက်ပဲ သွားတယ်။ အခု အားကစားသမား ၂၀၀ ကျော်ပြိုင်ဖို့ စဉ်းစားထားတယ်။ ပြိုင်ပွဲတွေမှာ ဆုတော်တော်များများ ရမှာပါ။” လို့ ပြောပါတယ်။ မသန်စွမ်းတွေ ပြိုင်ပွဲမှာ အဆင်ပြေဖို့အတွက် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ အားကစားကွင်းတွေမှာ အကြိုပြိုင်ပွဲတရပ်အနေနဲ့ ဇူလိုင် ၂၀၊ ၂၁ နဲ့ ၂၂ ရက်နေ့တွေ ပြုလုပ်သွားဖို့ ရှိပါတယ်။ အိမ်ရှင်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံက မသန်စွမ်းတွေ အားသာချက်တွေရှိပြီး ဆုတံဆိပ်တွေ ရရှိမယ်လို့ မျှော်မှန်းထားကြောင်း မသန်စွမ်း ပြေးခုန်ပစ်အားကစားသမားတဦးဖြစ်တဲ့ ဦးထူးထူးအောင်က အခုလို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up