ကိုဗစ်-၁၉ လူနာသစ် ၈၉၆ ဦးအနက် ရန်ကုန်တိုင်းက ၇၀၄ ဦးပါဝင်
DVB
·
September 29, 2020
စက်တင်ဘာ ၂၈ ရက်က စစ်ဆေးအတည်ပြုခဲ့တဲ့ ကိုဗစ်-၁၉ လူနာသစ် ၈၉၆ ယောက် ထဲမှာ ရန်ကုန်တိုင်းက ၇၀၄ ယောက်ပါတယ်လို့ ကျန်းမာရေးဌာနက ဒီကနေ့ညနေ သတင်း ထုတ်ပြန်ပါတယ်။
မင်္ဂလာဒုံမြို့ ၇၈ ယောက်တွေ့ရလို့ အများဆုံးဖြစ်ပြီး ကမာရွတ်မြို့နယ်က ၅၁ ယောက်ဖြစ်ပါတယ်။ ဒေါပုံမြို့နယ်က ၃၉ ယောက်၊ လှိုင်မြို့နယ်က ၃၈ ယောက်နဲ့ မြောက်ဥက္ကလာပ မြို့နယ်က ၃၅ ယောက် ပါဝင်ပါတယ်။
ရန်ကုန်တိုင်းထဲ ၃၈ မြို့နယ်က လူနာတွေပါဝင်ပြီး ရခိုင်ပြည်နယ် ၇ မြို့နယ်က လူနာ ၄၆ ယောက် ပါဝင်ပါတယ်။
ဧရာဝတီတိုင်းက ၂၉ ယောက်၊ မန္တလေးတိုင်းက ၁၇ ယောက်၊ ပဲခူးတိုင်းက အယောက် ၆၀၊ မွန်ပြည်နယ်က ၁၁ ယောက်၊ နေပြည်တော်က ၈ ယောက်၊ ကရင်ပြည်နယ်က ၂ ယောက်၊ မကွေးတိုင်းက ၃ ယောက်နဲ့ ချင်းပြည်နယ်က ၁၆ ယောက် ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က လူနာ ၁ ယောက်ဟာ ရန်ကုန်မှာ ဆေးကုသနေသူဖြစ်ပြီး ဧရာဝတီတိုင်း ကျုံပျော်က ၁ ယောက်ဟာလည်း ရန်ကုန်မှာ အသွားအလာကန့်သတ်ထားသူ ဖြစ်ပါတယ်။
အတည်ပြုတွေ့တဲ့အထဲက တယောက်ဟာ ဒုတိယအကြိမ်စစ်တဲ့ ပိုးတွေ့လူနာ ဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ထုတ်ပြန်ပြီး ပိုးတွေ့လူနာ ၁၁,၆၃၀ ယောက် ရှိပါတယ်။