Home
မြန်မာသတင်း
မောင်တောခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ၁၀ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
September 29, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ မောင်တောခရိုင်ရွေးကောင်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ လူနာသစ်  ၈ ဦးနဲ့  ဘူးသီးတောင်မြို့မှာ လူနာသစ်  ၂ ဦး ထပ်တိုးလာပါတယ်။ မောင်တောမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​မှူး ဦးအောင်ရဲက "ဟုတ်ပါတယ်။ ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအဝင် မောင်တောမှာ လူနာသစ် ၈ ဦး ရောဂါပိုးထပ်တွေ့တယ်။ ဆေးရုံကဆင်းတာက ၁၃ ဦးရှိတယ်။ ကျန်တာကတော ၂၀ ဦးကျန်တယ်။"လို့  ပြောပါတယ်။ မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟာ အနံ့မရတာကြောင့် ပြီးခဲ့တဲ့ ၆ ရက်လောက်က ဆေးရုံသွားပြရာမှ သူ့ကို Home  Quarantine နေထိုင်စေခဲ့ပြီး သူရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေကို စစ်ဆေးရာမှာ စက်တင်ဘာလ ၂၈ ရက် ညနေ ၈နာရီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ​ကြောင်း သိရှိခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ ကော်မရှင်ဥက္ကဋ္ဌကို မောင်တောခရိုင်ပြည်သူဆေးရုံကြီးရဲ့ အထူးကြပ်မတ်ဆောင် မှာ ဆေးကုသမှုခံယူနေပြီး ကျန်းမာနေတယ်လို့  ခရိုင်ကျန်းမားရေးဌာနက သိရပါတယ်။ မောင်တောမြို့က ကိုဗစ်-၁၉ လူနာ ၈ ဦးကတော့ မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ၁ ဦး၊ ဝေသာလီကျေးရွာသား ၂ ဦး၊ မြို့မကညင်တန်းကျေးရွာသား ၂ ဦး၊ နယ်စည်းမခြားဆရာဝန်များအသင်းMFS မှ ပိုးတွေ့သူရဲ့ မိသားစုဝင် ၂ ဦးနဲ့ အနံ့မရတဲ့အတွက် စစ်ဆေးရာမှ ပိုးတွေ့သူအမျိုးသမီး ၁ ဦး တို့ဖြစ်ကြပါတယ်။ ဒါ့အပြင် ဘူးသီးတောင်မြို့မှာလည်း စက်တင်ဘာလ ၂၈ ရက် ညနေ ၈နာရီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ကိုဗစ်-၁၉  လူနာ  ၂ ဦး ထပ်တိုးလာကြောင်း ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးဦးရွှေလှအောင်က ပြောပါတယ်။ "ဟုတ်ပါတယ်။ အားလုံး ၇၈ ဦးရဲ့  Swab တွေကို စစ်တွေနဲ့ ရန်ကုန်က အမျိုးသား ဓာတ်ခွဲဌာနကို ပို့ပြီးစစ်တာ စက်တင်ဘာ ၂၇ ရက်နေ့မှာ ၂ ဦးတွေ့တယ်။ ၂၈ ရက်နေ့မှာ ၂ ဦးထပ်တွေ့တယ်။" လို့ ဆိုပါတယ်။ ဘူးသီးတောင်မြို့က ပိုးတွေ့လူနာတွေကတော့   အရင် ကိုဗစ်-၁၉  အတည်ပြုလူနာ  INGO ဝန်းထမ်းတွေရဲ့ မိသားစုဝင်အမျိုးသမီး ၂ ဦးနဲ့ ဘူးသီးတောင် အကျဉ်းထောင်မှာ တာဝန်ကျတဲ့ (အကစ)ဝန်ထမ်း၂ ဦးတို့ ဖြစ်ပါတယ်။  ဝန်ထမ်း ၂ ဦးဟာ ဘူးသီးတောင်မြို့ကို ရောက်ရှိလာ ကတည်းက Facility Quarantine ထားရှိခံထားရသူတွေဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးဦးရွှေလှအောင်က ပြောပါတယ်။ မောင်တောခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတွေ ဒုတိယလှိုင်းအဖြစ်  သြဂုတ် ၂၆ ရက်မှ စတင်တွေ့ရှိလာရာ စက်တင်ဘာလ ၂၈ ရက်အထိ ရောဂါပိုးတွေ့ရှိသူ မောင်တောမြို့မှာ  ၅၉ ဦး၊ ဘူးသီတောင်မြို့မှာ ၂၉ ဦး စုစုပေါင်း ၈၈ ဦးအထိ ရှိလာနေတာပါ။ ကိုဗစ်-၁၉ အတည်ပြုလူနာတွေအထဲက မောင်တောမြို့မှာ  စက်တင်ဘာ ၂၈ ရက်အထိ လူနာ  ၃၉  ဦးဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီး ၂၀ ဦးကျန်ရှိနေသေးကာ ဘူးသီးတောင်မြို့မှာလည်း ၁၇ ဦးဆေးရုံမှ ဆင်းခွင့်ရရှိပြီး  ၁၂ ဦး ဆေးရုံမှာ ကျန်ရှိပါတယ်။ သတင်း - လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024